ဗီဒီယိုဇာတ်ကားတွေအများအပြားမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ မင်းသမီးချောလေး ဆောင်းယွန်းစံကို ပရိသတ်တွေလည်း သိကြမှာပါနော်။ဆောင်းယွန်းစံက (၂၀၁၈)အကယ်ဒမီပေးပွဲမှာလည်း ရွှေကြိုအဖြစ် ပါဝင်ဆောင်ရွက်ထားလို့ ပရိသတ်တွေက ပိုပြီးသတိထားမိလာကြကာ တစ်ခဲနက်အားပေးဝန်းရံကြတာဖြစ်ပါတယ်။ဆောင်းယွန်းစံက လူငယ်တစ်ယောက်လည်းဖြစ်တာကြောင့် အမြဲသွက်လက်တက်ကြွပြီး ပျော်ပျော်နေတတ်တာဖြစ်ပါတယ်နော်။
ဆောင်းယွန်းစံက လက်ရှိမှာလည်း အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေသလို ကုသိုလ်ရေးဆိုလည်း လက်မနှေးတဲ့သူဖြစ်ပါတယ်။ဆောင်းယွန်းစံက ခန့်စည်သူတို့အဖွဲ့နဲ့လည်း မကြာခဏအလှူအတန်းတွေလုပ်နေတာကို တွေ့မြင်ရပါတယ်နော်။ဆောင်းယွန်းစံရဲ့ စိတ်ထားလေးကဖြူစင်လို့ လေးစားစရာကောင်းပြီး လူအများရဲ့ချစ်ခင်မှုတွေကို ရရှိနေတာဖြစ်ပါတယ်။
ဆောင်းယွန်းစံက Tik Tok လေးတွေလည်း မကြာခဏကစားတတ်ပြီး အမိုက်စားကကွက်မျိုးစုံတွေကြောင့် သူမရဲ့Tik Tokတွေက မရိုးသွားပါဘူးနော်။အခုဆိုရင်လည်း ဆောင်းယွန်းစံက ကလေးလေးတစ်ယောက်လို ထမင်းခွံ့ကျွေးခိုင်းနေပြီး အသည်းယားစရာအမူအရာလေးတွေနဲ့ အပီဒွန့်ပြကာ Tik Tokကစားထားလို့ ချစ်ပရိသတ်ကြီးအတွက် သူမရဲ့ဗီဒီယိုဖိုင်လေးကို ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။
Be First to Comment