Press "Enter" to skip to content

ကိုဗစ်ကြောင့်ဆေးကုသမှုခံယူနေရပြီး အောက်စီဂျင်ပိုက်တန်းလန်းနဲ့စားချင်နေတဲ့ ကြက်သားဟင်းတွေကို မြိန်ရေယှက်ရေ စားနေတဲ့ဦးမိုးဒီရဲ့ဗီဒီယို

ပရိသတ်ကြီးရေ.. ဝါရင့်အနုပညာရှင် ဟာသသရုပ်ဆောင်လူရွှင်တော် ဦးမိုးဒီကတော့ Covid -19 ကူးစက်ခံရမှုကြောင့် ဆေးရုံမှာကုသမှုခံယူနေရတာကို ပရိသတ်တွေ သိရှိပြီး ဖြစ်မှာပါနော်..။ ပြီးခဲ့တဲ့ နိုဝင်ဘာလက ကိုဗစ်ရောဂါ ကူးစပ်ခံရမှု စစ်ဆေးတွေ့ရှိခဲ့ပြီး လတ်တလောမှာ ဆေးကုသမှုခံယူနေတာမို့ သားဖြစ်သူကောင်းစံက အနီးကပ်ပြုစုစောင့်ရှောက်ကာ ဦးမိုးဒီရဲ့ ကျန်းမာရေးအခြေအနေလေးတွေကို မကြာခဏ အသိပေးပြောပြတာလည်း တွေ့ရပါတယ်..။

အာဟာရရှိရှိနဲ့ ကိုယ်ခံအားကောင်းစေဖို့အတွက် စားချင်တာလေးတွေကို စားသောက်နေတဲ့ ဖခင်ဖြစ်သူဦးမိုးဒီရဲ့ ဗီဒီယိုဖိုင်လေးတွေကိုလည်း ကောင်းစံက ဝေမျှလာပါတယ်နော်..။ သက်ကြီးပိုင်းဖြစ်ပေမယ့်လည်း Covid ရောဂါကို ကြံ့ကြံ့ခံရင်ဆိုင်နေရတဲ့ ဦးမိုးဒီရဲ့ကျန်းမာရေးလေးကတော့ စိုးရိမ်စရာမရှိသေးပေမယ့် ပရိသတ်တွေက စိတ်ပူးအားပေးနေကြပါတယ်နော်..။

“ကျန်းမာရေးကောင်းစွာဖြင့် အစားအစာကောင်းကောင်းစားနိုင်ပါပြီ.. ကျန်းမာရေးတော်တော်ကောင်းနေပြီ စားနေတာမြင်တဲ့အတိုင်းပဲ..” ဆိုပြီး ဖခင်ဖြစ်သူကို သေချာဂရုတစိုက်နဲ့ ပြုစုရှောက်နေပြီး ကျန်းမာရေးအခြေအနေလေးကို ပြောပြထားတာပါ..။ စားချင်တာလေးတွေနဲ့ အစားအသောက်တွေကို ကိုယ်တိုင်အားပါးတရစားနေနိုင်ပြီဖြစ်တဲ့ ဦးမိုးဒီရဲ့ ပုံရိပ်လေးတွေကတော့ ပရိသတ်တွေကိုစိတ်ပူပန်မှုတွေ အနည်းငယ်လျော့နည်းစေပြီး အမြန်ဆုံးပြန်လည်နေကောင်း ကျန်းမာဖို့အတွက်လည်း ဆုတောင်းစကားလေးတွေ ဆိုထားကြတာ တွေ့ရပါတယ်နော်..။

Be First to Comment

Leave a Reply

Your email address will not be published. Required fields are marked *