Press "Enter" to skip to content

ချစ်သူလေး သားဂန်းနဲ့ စတင်ဆုံတွေ့ခွင့်ရတဲ့ သီချင်းလေးကို ပရိသတ်တွေထံ ဝေမျှလာတဲ့ ဘေဘီမောင်ရဲ့ ဗီဒီယို

သရုပ်ဆောင် ဘေဘီမောင်နဲ့ အဆိုတော်သားဂန်းတို့ စုံတွဲလေးကတော့ ဆန်းကြယ်တဲ့ ဖူးစာတွေနဲ့ ဆုံတွေ့ခဲကြတာပါ။ သားဂန်းရဲ့ သီချင်း MTVရိုက်ကူးဖို့အတွက် ဘေဘီမောင့်ကို ကမ်းလှမ်းရင်း ဆုံတွေ့ခဲ့ကြတဲ့ သူတို့နှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းလေးကတော့ တကယ်ကိုမှ အားကျစရာပါ။ မနဲ့မောင် စုံတွဲလေးဖြစ်ပြီး နားလည်မှုရှိကြတာဖြစ်လို့ အခုဆို ချစ်သူသက်တမ်းအတော်ကြာပြီလည်းဖြစ်ပါတယ်။

အနုပညာလှုပ်ရှားမှုတွေကို အတူလုပ်ကိုင်နေပြီး ဘေဘီရဲ့ စီးပွားရေးလုပ်ငန်းတွေမှာလည်း ကူညီလုပ်ဆောင်ပေးလေ့ရှိတဲ့ သားဂန်းက တကယ်ကိုမှ ချစ်သူကောင်းပီသတာကိုလည်း တွေ့ရပါတယ်။ နှစ်ပတ်လည်နေ့တွေမှာ Romanticဆန်တဲ့ စာသားလေးတွေကို ရေးသားတင်ပေးလေ့ရှိတဲ့ သူတို့နှစ်ယောက်က လူငယ်ပရိသတ်တွေကို အားကျအချစ်ပိုစေတာပါ။

ယခုမှာလည်း ပရိသတ်တွေ အချစ်ပိုရအောင် သူတို့နှစ်ဉီးစတင် ဆုံဖြစ်ခဲ့တဲ့ သီချင်းလေးကို တင်ပေးလာပြန်ပါတယ်။ သားဂန်းရဲ့ အရမ်းပေါက်ခဲ့တဲ့ သီချင်းလေးဖြစ်တဲ့ လွယ်လွယ်နဲ့ မေ့လို့မရတဲ့အချစ်ဆိုတဲ့ MTVလေးမှာ စတင်ဆုံဖြစ်ခဲ့တာဖြစ်ပြီး ” ဒီသီချင်းကြောင့် သူနဲ့တွေ့ရတာ” ဆိုပြီး ဘေဘီက ရေးသားလာတာဖြစ်လို့ ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်…….။


Be First to Comment

Leave a Reply

Your email address will not be published. Required fields are marked *