Press "Enter" to skip to content

ဆေးရုံတက်နေတဲ့ဗေလုဝကို ဖခင်ကိုယ်စားအလှူငွေနဲ့တကွ သွားကန်တော့ပြီး ကျန်းမာ ရေးအခြေအနေကိုပြန်ပြောပြခဲ့တဲ့ ဦးမေတ္တာရဲ့သားလေး

လူရွှင်တော်၊ သရုပ်ဆောင် ဦးမေတ္တာရဲ့သားချောလေးဖြစ်တဲ့ မေတ္တာမြင့်မြတ်ဟိန်းကတော့ ဖခင်ဖြစ်သူဆီကနေ အနုပညာအမွေတွေကို ဆက်ခံရရှိထားတာ ဖြစ်ပါတယ် ။ မေတ္တာမြင့်မြတ်ဟိန်းက ကိုယ်တိုင်လည်း ဟာသဥာဏ်ရွှင်သူဖြစ်တာကြောင့် လူရွှင်တော်အဖြစ်လုပ်ကိုင်ပြီး ပရိသတ်တွေကို ဖျော်ဖြေတင်ဆက်ပေးနေတာ ဖြစ်ပါတယ် ။ ဦးမေတ္တာကတော့ ” မေတ္တာရွှေစင်” ဇာတ်သဘင်ကို တည်ထောင်ထားပြီး သားလေးနဲ့အတူ ဦးစီးလုပ်ကိုင်နေတာ ဖြစ်ပါတယ်။

မေတ္တာမြင့်မြတ်ဟိန်းက ပရဟိတစိတ်ဓာတ်ထက်သန်သူလည်းဖြစ်တာကြောင့် Covid ကာလမှာ လူနာတင်ကားကို ကိုယ်တိုင်မောင်းနှင်ပြီး ကုသိုလ်ယူနေတာလည်း ဖြစ်ပါတယ် ။ မနေ့ကတော့ မေတ္တာမြင့်မြတ်ဟိန်းတစ်ယောက် သူလေးစားချစ်ခင်ရတဲ့ ဦးဗေလုဝနဲ့ ဦးပေါ်လေးတို့ကို သွားရောက်ကန်တော့ခဲ့တာ ဖြစ်ပါတယ် ။ လက်ရှိမှာတော့ ဦးဗေလုဝက ပင်လုံဆေးရုံမှာ ဆေးကုသမှုခံယူနေတာပဲ ဖြစ်ပါတယ် ။

မေတ္တာမြင့်မြတ်ဟိန်းက “ယနေ့သွားရောက်ဂါရဝပြု ကန်တော့ဖြစ်ခဲ့တဲ့ နေရာလေး ၂ခုတစ်ဦးက အဖေဆရာဖြစ်တဲ့ အကယ်ဒမီ ဦးဗေလုဝဆေးရုံတင်ထားရတယ်ကြားတာနဲ့ကျွန်တော့်အဖေ ဦးမေတ္တာကို Royal Club Company ltd MDဦးခင်မောင်လေး ကငွေကျပ်(၂)သိန်းလာရောက်ဂါရဝပြုတယ် အဖေကတစ်ဆင့် သူ့သူငယ်ချင်း ဆေးရုံတင်ရတဲ့ သတင်းကြားတာနဲ့ ချက်ချင်း ကျွန်တော့်ကို ငွေကျပ်(၂)သိန်းပြန်ပေးပြီး ဂါရဝသွားပြန်ပြုခိုင်းတယ်….ဦးဗေလုဝ ပင်လုံဆေးရုံတွင် ကျန်းမာရေးကောင်းမွန်စွာရှိနေပါတယ် နောက်တစ်ဦးကတော့ အဖေဆရာ ဦးပေါ်လေး သီတင်းကျွတ်မှာ မအားလိုက်လို့ ခုမှ သွားရောက် ဂါရဝပြု ကန်တော့ဖြစ်တယ် အားလုံးအဆင်ပြေကြပါစေ မေတ္တာမြင့်မြတ်ဟိန်း” ဆိုပြီး ပုံလေးတွေနဲ့အတူ တင်ထားတာ ဖြစ်ပါတယ် ။

Be First to Comment

Leave a Reply

Your email address will not be published. Required fields are marked *