မင်းသမီးချောလေး မယ်လိုဒီကတော့ ဗီဒီယိုဇာတ်ကားများစွာနဲ့ ရုပ်ရှင်ဇာတ်ကားတွေကို ရိုက်ကူးခဲ့ပြီး အောင်မြင်မှုတွေရရှိလာတဲ့ သူပဲဖြစ်ပါတယ်။ ယနေ့အချိန်ထိလည်း အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ကိုင်နေပြီး ပရိသတ်တွေရဲ့ အချစ်တွေကို အပြည့်အဝရရှိထားသူပဲ ဖြစ်ပါတယ်။ လက်ရှိမှာတော့ မယ်လိုဒီက အိမ်ထောင်ရေးအဆင်မပြေခဲ့မှုတွေ ရှိခဲ့ပေမဲ့ သူမရဲ့ ဘဝလေးကို ချစ်စရာကောင်းတဲ့ သားလိမ္မာလေး နဲ့အတူ ပျော်ရွှင်စွာဖြတ်သန်းနေထိုင် နေတာဖြစ်ပါတယ်။
မယ်လိုဒီက ကလေးအမေတစ်ယောက်ဖြစ်ပေမဲ့လည်း ဆယ်ကျော်သက်လေး တစ်ယောက်လို ချောမောလှပနေပြီး နုပျိုနေတာ ဖြစ်ပါတယ်။ ဒါ့အပြင် မကြာခဏဆိုသလို သူမက ချစ်စရာကောင်းတဲ့ နေ့စဥ်လှုပ်ရှားမှုလေးတွေကို ဖော်ပြပေးတာ တွေ့ရပါတယ်။ ယခုမှာတော့ မယ်လိုဒီက ပရိသတ်တွေ ချစ်အားပိုလောက်မယ့် tik tok ဗီဒီယိုလေးကို တင်ပေးလာခဲ့ပါတယ်။
ဒီဗီဒီယိုလေးထဲမှာတော့ မယ်လိုဒီက ပရိသတ်တွေ အသည်းယားလောက်မယ့် မျက်နှာအမူအရာလေးတွေနဲ့ သီချင်းလေးအတိုင်း ဆော့ကစားထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် သူမရဲ့ မျက်နှာလေးကလည်း ကြည်လင်ဝင်းပနေပြီး နုပျိုလှပနေတာ တွေ့ရပါတယ်။ ကဲ..ပရိသတ်ကြီးရေ ဆွဲဆောင်မှုရှိတဲ့ ဟန်အမူအရာလေးတွေနဲ့ ဆော့ကစားထားတဲ့ မယ်လိုဒီရဲ့ tik tok လေးကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။
Be First to Comment