ဂျက်ဂျက်လေးရဲ့ မေမေ နန်းမြတ်ဖြိုးသင်းကတော့ အမိုက်စား ဖက်ရှင်လန်းလန်းလေးနဲ့ အပီအပြင်ဂေါ်လိုက်ပြန်ပြီနော်။ သားသားလေး ဂျက်ဂျက်အပြင် ယခုလက်ရှိမှာ နောက်ထပ်ရင်သွေးလေး လွယ်ထားရတဲ့ နန်းမြတ်ကလွတ်လပ်ပေါ့ပါးစွာ သွားလာနေထိုင်နေထိုင်နေတာဖြစ်ပြီး ယနေ့မှာလည်း အသားကပ်ဝတ်စုံတိုလေးကို လိုက်ဖက်ညီအောင်ဝတ်ဆင်ပြီး ခင်ပွန်းသည်နဲ့အတူ ရန်ကုန်မြို့အနှံလည်ပတ်သွားရောက်နေတာပါ။
နန်းမြတ်က အနုပညာလှုပ်ရှားမှုတွေကို အချိန်တစ်ခုအကြာ လုပ်ကိုင်ခဲ့တာဖြစ်လို့ ပရိသတ်အားပေးမှုရရှိခဲ့ပြီး အိမ်ထောင်ပြုပြီးနောက်ပိုင်းမှာတော့ ဖြည်းဖြည်းနဲ့မှန်မှန်သာ လုပ်ကိုင်နေတာတွေ့ရပါတယ်။ သာယာပျော်ရွှင်ပြီး နွေးထွေးလုံခြုံတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားတဲ့ နန်းမြတ်ရဲ့ ဘဝလေးက အမျိုးသမီးထုကြားမှာ အတော်လေး အားကျစရာဖြစ်လို့နေပါတယ်။
အလိုလိုက်တဲ့ ခင်ပွန်းသည်ကြောင့် အပျိုလေးလို အလှမပျက်ပဲ တစ်နေ့တစ်ခြားအလှတွေပိုလာတဲ့ နန်းမြတ်က ယနေ့မှာလည်း ဗိုက်လုံးလုံးလေးနဲ့ လှရက်လွန်းတဲ့ ပုံလေးတွေကို တင်ပေးလာတာပါ။ တစ်သားမွေးတစ်သွေးလှဆိုသလို အလှတွေပိုလွန်းနေတဲ့ နန်းမြတ်က သူမရဲ့ တစ်ကိုယ်တော်ပုံရိပ်လေးတွေအပြင် ” Out for a while but you got so many photos Photos by Jack’s Dad ” ဆိုပြီးရေးသားထားတာဖြစ်လို့ ပြန်လည်ဝေမျှပေးလိုက်ပါတယ်….။
Be First to Comment