မော်လ်ဒယ်မင်းသမီးချောလေး ခွန်းဆင့်နေခြည်ကတော့ ဆွဲဆောင်မှုရှိတဲ့ ပင်ကိုယ်အလှတရားတွေနဲ့ ချောမောနေတာကြောင့် ယောကျ်ားပရိသတ်တွေရဲ့ အားပေးဝန်းရံမှုကို အပြည့်အဝရရှိထားတာ ဖြစ်ပါတယ်။ တစ်ခေတ်တခါကတည်းက သရုပ်ဆောင်တစ်ယောက်အပြင် အဆိုတော်အနေနဲ့ပါ အနုပညာအလုပ်တွေကို အကောင်းဆုံးကြိုးစားလုပ်ကိုင်ခဲ့တာ ဖြစ်ပါတယ်။ ယနေ့အချိန်မှာတော့ ခွန်းဆင့်နေခြည် ဟာ အနုပညာအလုပ်တွေကို အရင်ကလိုမျိုး လုပ်ကိုင်နေတာ မတွေ့ရသလောက်ပါပဲဖြစ်ပါတယ်။
ဒါ့အပြင် လက်ရှိမှာတော့ ခွန်းဆင့်နေခြည် ဟာ ချစ်ရတဲ့သူတွေနဲ့ New York မြို့လေးမှာ အေးအေးချမ်းချမ်းနဲ့ နေထိုင်တာဖြစ်ပါတယ်။ မကြာခဏဆိုရင်လည်း သူမက ချစ်ခင်အားပေးခဲ့တဲ့ ပရိသတ်တွေအတွက် ချစ်စရာပုံလေးတွေနဲ့ လှုပ်ရှားမှုလေးတွေကို ဖော်ပြပေးပါတယ်။ ယခုမှာလည်း လွမ်းနေတဲ့ ပရိသတ်တွေ ငေးမောသွားလောက်မယ့် ပုံရိပ်လေးတွေကို တင်ပေးလာခဲ့ပါတယ်။
ဒီပုံလေးကတော့ အထပ်မြင့် အဆောက်အဦးကြီးပေါ်က ရေကူးကန်ထက်မှာ ဆွဲဆောင်မှုရှိတဲ့ အမူအရာလေးတွေနဲ့ ပို့စ်ပေးဓာတ်ဖမ်းထားတဲ့ ပုံလေးတွေပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ဖြူဖွေးနုဖက်နေတဲ့ ပင်ကိုယ်အလှတရားတွေကလည်း အထင်းသားပေါ်လွင်နေပြီး ရင်ခုန်စရာကောင်းလောက်ပါတယ်။ ကဲ..ပရိသတ်ကြီးရေ ရေကူးကန်ထက်မှာဆွဲဆောင်မှုရှိတဲ့ အမိုက်စားပို့စ်တွေနဲ့ ဖမ်းစားထားတဲ့ ခွန်းဆင့်နေခြည် ရဲ့ ပုံလေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။
Be First to Comment