Press "Enter" to skip to content

သက်ကြီးပိုင်းတွေဖြစ်ပေမယ့် ကိုဗစ်ကို ကြံ့ကြံ့ခိုင်ခိုင်ရင်ဆိုင်ပြီး ကုသမှုခံယူနေလို့ စိုးရိမ်ရတဲ့အနေအထားမရှိသေးတဲ့ ဦးမိုးဒီနဲ့ဦးဧရာ

ပရိသတ်ကြီးရေ (၂၀၂၀)ခုနှစ်တစ်နှစ်လုံးကတော့ ကိုဗစ်ကြောင့် အနုပညာရှင်တွေလည်း အလုပ်တွေရပ်နားထားရတာဖြစ်ပါတယ်။အနုပညာလောကက အနုပညာရှင်တစ်ချို့လည်း ကိုဗစ်ရောဂါကြောင့် ကြွေလွင့်သွားခဲ့ရတာဖြစ်ပါတယ်နော်။အခုလတ်တလောမှာဆိုရင်လည်း ဦးမိုးဒီနဲ့ဦးဧရာတို့ လူရွှင်တော်ကြီးနှစ်ဦးကတော့ ကိုဗစ်ကူးစက်ခံလိုက်ရလို့ ဆေးရုံတက်နေရတာဖြစ်ပါတယ်။

ဦးမိုးဒီနဲ့ဦးဧရာတို့နှစ်ယောက်က အသက်ကြီးပိုင်းတွေဖြစ်ပေမယ့် ကိုဗစ်ကို ကြံ့ကြံ့ခိုင်ခိုင်ရင်ဆိုင်နေကြပြီး ကျန်းမာရေးအခြေအနေတိုးတက်ကောင်းမွန်လာတာကိုတွေ့ရပါတယ်နော်။ကောင်းစံကလည်း ဖခင်ဖြစ်သူဦးမိုးဒီကို သေချာဂရုစိုက်စောင့်ရှောက်ပေးနေပြီး အခြေအနေကိုလည်း ပရိသတ်တွေထံ အမြဲအသိပေးနေတာဖြစ်ပါတယ်။ပရိသတ်တွေကလည်း ဦးမိုးဒီနဲ့ဦးဧရာတို့နှစ်ယောက် အမြန်ဆုံးဆေးရုံဆင်းနိုင်ဖို့အတွက် ဆုတောင်းပေးနေကြတာဖြစ်ပါတယ်နော်။

အခုဆိုရင်တော့ လူရွှင်တော် အောင်သော်က”ဆရာကိုဧရာရယ် အဖေဦးမိုဒီရယ်နှစ်ယောက်လုံးကျန်းမာရေးကောင်းပါတယ်ခင်ဗျာ စိုးရိမ်ရတဲ့အနေထားမှာမရှိသေးပါဘူးခင်ဗျာအားလုံးမေးနေကြလို့တင်ပေးတာပါနော်”ဆိုပြီး Video Callခေါ်ပြီး သတင်းမေးထားတာဖြစ်ပါတယ်။ပရိသတ်တွေကို အမြဲအပျော်တွေပဲပေးတဲ့ ဦးမိုးဒီနဲ့ဦးဧရာတို့နှစ်ယောက် အမြန်ဆုံးသက်သာကြပါစေနော်။

Be First to Comment

Leave a Reply

Your email address will not be published. Required fields are marked *