Press "Enter" to skip to content

သမီးလေးမွေးဖွားခါနီးအခြေအနေမှာတောင် ပြည်သူတွေအားလုံးဘေးကင်းလုံခြုံမှုရှိစေရန်ဆုတောင်းပေးနေတဲ့ နန်းမြတ်ဖြိုးသင်း

သရုပ်ဆောင် မင်းသမီးချောလေး နန်းမြတ်ဖြိုးသင်းကတော့ အနုပညာအလုပ်တွေ ကြိုးစားလုပ်ကိုင်ရန်အတွက် ဆရာဝန်အလုပ်ကိုတောင် စွန့်လွှတ်ခဲ့သူလည်း ဖြစ်ပါတယ်။ သားလေးမွေးဖွားပြီးတဲ့နောက်ပိုင်းမှာတော့ ရုပ်ရှင်ဇာတ်ကားတွေ ရိုက်ကူးခြင်းမရှိတော့ဘဲ ကြော်ငြာလေးတွေသာ ရိုက်ကူးနေတာလည်း ဖြစ်ပါတယ်။ လက်ရှိမှာလည်း ဒုတိယကိုယ်ဝန်ကို လွယ်ထားတာလည်း ဖြစ်ပါတယ်။

နေ့စေ့လစေ့မွေးခါနီးဖြစ်နေတာကြောင့် လတ်တလောဖြစ်ပေါ်နေတဲ့ လူထုလှုပ်ရှားမှုများတွင် ကိုယ်တိုင်မပါဝင်ခဲ့ရလို့လည်း ဝမ်းနည်းနေတာလည်း ဖြစ်ပါတယ်။ လမ်းမပေါ်ထွက်ပြီး သူမရဲ့ဆန္ဒအမှန်ကို ထုတ်ဖော်ပြသခွင့်မရှိပေမယ့်လည်း ပရိသတ်တွေအတွက် မှန်ကန်မှုရှိတဲ့ သတင်းအချက်အလက်တွေကို အချိန်နဲ့တစ်ပြေးညီတင်ပေးနေတာလည်း ဖြစ်ပါတယ်။ မနေ့ညကလည်း နန်းမြတ်ဖြိုးသင်းရဲ့လူမှုကွန်ယက်စာမျက်နှာမှာ စာလေးတွေရေးသားထားတာလည်း ဖြစ်ပါတယ်။

ဒါကတော့ သမီးလေးမွေးဖွားခါနီးအခြေအနေမှာတောင် ပြည်သူတွေအားလုံးဘေးကင်းလုံခြုံမှုရှိစေရန်ဆုတောင်းပေးနေတာပဲ ဖြစ်ပါတယ်။ သူမကလည်း ” ကလေးမွေးလိုက်ဦးမယ်နော် အားလုံးပဲဘေးကင်းကြပါစေ, တရားသောဓမ္မမှအနိုင်ရပါစေ🙏🏼🙏🏼🙏🏼” ဆိုပြီး ရေးသားထားတာပဲဖြစ်ပြီး ပရိသတ်တွေအတွက် ဒီသတင်းလေးကို တစ်ဆင့် ပြန်လည်ကူးယူတင်ဆက်ပေးလိုက်ရပါတယ်နော်။

Be First to Comment

Leave a Reply

Your email address will not be published.