သူမတို့လင်မယားနှစ်ယောက်နေတဲ့ အိပ်ခန်းအကျယ်ကြီးကို သန့်ရှင်းတောက်ပြောင်နေအောင် မိန်းမပီပီသသရှင်းလင်းလိုက်တဲ့ သန္တာလှိုင်
သန္တာလှိုင်ကတော့ မော်ဒယ်လ်လောကမှာဆိုရင် လျှမ်းလျှမ်းတောက် အောင်မြင်ပြီး ကျော်ကြားနေတဲ့ Super Model တစ်ယောက်ပဲ ဖြစ်ပါတယ်နော်။ နာမည်တစ်လုံးနဲ့ ရပ်တည်နေတဲ့ သန္တာလှိုင်က ယောက်ျားလေးပရိသတ်တွေရဲ့အားပေးမှုကိုသာမက မိန်းကလေးပရိသတ်တွေရဲ့ဝန်းရံမှုကိုပါ ရရှိထားတာ ဖြစ်ပါတယ် ။ သန္တာလှိုင်က ကလေးနှစ်ယောက်မေမေဖြစ်ပေမယ့်လည်း အခုချိန်အထိ အရွယ်တင်နုပျိုပြီး အစွမ်းကုန် လှသွေးကြွယ်နေတာပဲ ဖြစ်ပါတယ်။
သန္တာလှိုင်က ရုပ်ရည်ရော Body ပါလှတာကြောင့် မိန်းကလေးအချင်းချင်းပါ ငေးကြည့်ရလောက်အောင်ကို မိမိုက်နေတာ ဖြစ်ပါတယ် ။ အဆီပိုကင်းဝေးတဲ့ ဗိုက်သားအလှနဲ့ ကျစ်လျစ်လှပနေတဲ့ သန္တာလှိုင်က “T Fitness” ကိုဖွင့်လှစ်ထားပြီး သူမကိုယ်တိုင် လမ်းညွှန်သင်ကြားပေးနေတာလည်း ဖြစ်ပါတယ် ။ လက်ရှိမှာတော့ သန္တာလှိုင်က ချစ်ရတဲ့ခင်ပွန်းသည်နဲ့အတူ နှစ်ယောက်တည်း အေးချမ်းပျော်ရွှင်စွာ နေထိုင်နေတာ ဖြစ်ပါတယ် ။ အခုလည်း သန္တာလှိုင်က အိမ်မှာနေရင်း အခန်းရှင်းပြီး သန့်ရှင်းရေးတွေလုပ်ထားတာ ဖြစ်ပါတယ် ။
သန္တာလှိုင်က သူမတို့လင်မယားနှစ်ယောက် နေထိုင်တဲ့ အိပ်ခန်းလေးကို သန့်ရှင်းတောက်ပြောင်နေအောင် ရှင်းလင်းထားတာပဲ ဖြစ်ပါတယ် ။ သန္တာလှိုင်တို့ဇနီးမောင်နှံရဲ့အိပ်ခန်းလေးကတော့ ကျယ်ဝန်းပြီး သပ်သပ်ရပ်ရပ်ရှိသလို ကုတင်ဘေးမှာလည်း ပန်းအိုးလေးတွေနဲ့ သေသေချာချာ အလှဆင်ထားတာ ဖြစ်ပါတယ် ။ ကဲ အိမ်ထောင်ရှင်မကောင်းတစ်ယောက်ရဲ့တာဝန်ကိုကျေပွန်ပြီး မိန်းမပီသစွာနဲ့ အိမ်ရှင်းထားတာလေးကို ပြသလိုက်တဲ့ သန္တာလှိုင်ရဲ့ဗီဒီယိုကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။