သူ့ရဲ့ပရိသတ် သူရဲကောင်းမလေး Angelကြယ်စင်အတွက် ထွန်းထွန်းရဲ့ဝမ်းနည်းစကား
ထွန်းထွန်းကတော့ ဆယ်စုနှစ်တစ်ခုကျော်လောက်က နှုတ်ခမ်းနီမလေးတွေ သည်းသည်း လှုပ်အားပေးခဲ့ကြတဲ့ “Example”အဖွဲ့ရဲ့အဖွဲ့ဝင်တစ်ဦးပဲဖြစ်ပါတယ်။နောက်ပိုင်းမှာတော့ သီးခြားအဆိုတော်တစ်ယောက်အနေနဲ့ သီချင်းတွေသီဆိုခဲ့တဲ့အပြင် သရုပ်ဆောင်ပိုင်းမှာလည်းအကယ်ဒမီရရှိခဲ့ပါတယ် ။
ပရိသတ်ကြီးရေ လတ်တလောမှာတော့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးပဋိပက္ခတွေကြာကြွေလွင့်ခဲ့ရတဲ့ လူငယ်လေးတွေတစ်စတစ်စများလာတာတွေ့ရပါတယ်။ အဲဒီထဲမှာမှဒီကနေ့ ကြွေလွင့်ခဲ့တဲ့ Angle ကြယ်စင်လေးဟာ ထွန်းထွန်းရဲ့အမာခံပရိသတ်လေးလို့သိရပါတယ်။ ထွန်းထွန်းအနေနဲ့ လည်းပြောစရာစကားမရှိအောင်ကိုဝမ်းနည်းရပါတယ်လို့ပြောဆိုထားပါတယ်။
ယနေ့ ပစ်ခတ်မှုကြောင့် ကွယ်လွန်ခဲ့ပြီဖြစ်တဲ့ မကြယ်စင်နဲ့ ပတ်သက်လို့ အဆိုတော်၊သရုပ်ဆောင်ထွန်းက”ကောင်းရာသုဂတိလားပါစေ ညီမလေး Angelရေ.။ငြိမ်းချမ်းစွာအနားယူပါတော့။ဖော်ပြစရာစကားလုံးမရှိအောင် ဝမ်းနည်းရပါတယ်.”လို့ ဝမ်းနည်းစကားပြောခဲ့ပါတယ်။