Press "Enter" to skip to content

အပြန်အလှန် ကြင်ကြင်နာနာနဲ့ တယုတယအနမ်းတွေပေးရင်း ကြည်နူးပီတိတွေဝေဖြာနေကြတဲ့ ကောင်းပြည့်နဲ့သန္တာဗိုလ်တို့ရဲ့ဗီဒီယို

မင်းသားချောလေး ကောင်းပြည့်နဲ့ မင်းသမီးချောလေး သန္တာဗိုလ်တို့စုံတွဲလေးကိုတော့ မသိသူမရှိလောက်အောင် အောင်မြင်နေတဲ့ အနုပညာရှင်တွေပဲ ဖြစ်ပါတယ် ။ အရမ်းကိုလိုက်ဖက်တင့်တယ်ပြီး ရှေ့သွားနောက်လိုက်ညီတဲ့ သူတို့စုံတွဲလေးကို ပရိသတ်တွေက အရမ်းအားကျနေရတာ ဖြစ်ပါတယ် ။ နှစ်ယောက်လုံးကလည်း တစ်ယောက်အပေါ်တစ်ယောက် သစ္စာရှိရှိနဲ့ ချစ်ကြတာကြောင့် သူတို့ရဲ့အချစ်လမ်းခရီးလေးက ဖြောင့်ဖြူးနေတာ ဖြစ်ပါတယ် ။

နှစ်အတော်ကြာအောင် လက်တွဲတွေခိုင်မြဲနေတဲ့ သူတို့စုံတွဲလေးက အနုပညာအလုပ်တွေကိုလည်း အတူတကွ လုပ်ကိုင်ခဲ့ကြပါသေးတယ်။ ဒါ့အပြင် ကောင်းပြည့်တို့စုံတွဲလေးက ပွဲအခမ်းအနားတွေကိုပါ နှစ်ယောက်အတူ တက်ရောက်လေ့ရှိကြတာ ဖြစ်ပါတယ် ။ အခုလည်း ကောင်းပြည့်နဲ့ သန္တာဗိုလ်တို့ချစ်သူနှစ်ဦးက Romantic ဆန်ဆန် ဗီဒီယိုလေးကို ရိုက်ကူးခဲ့ကြသေးတာ ဖြစ်ပါတယ် ။

ဒီဗီဒီယိုလေးမှာတော့ ကောင်းပြည့်က ချစ်သူလေးသန္တာဗိုလ်ရဲ့နဖူးပြင်ထက်ကို တယုတယနဲ့ ကြင်နာစွာအနမ်းလေးတစ်ပွင့်ပေးလိုက်တာပဲ ဖြစ်ပါတယ် ။ ကောင်းပြည့်ဆီက ချိုမြိန်တဲ့အနမ်းလေးလက်ဆောင်ရလိုက်တဲ့ သန္တာဗိုလ်ကတော့ ကြည်နူးပီတိတွေနဲ့ ပြုံးပျော်ခဲ့ရပြီး အပြန်အလှန်အနမ်းပေးလိုက်တာ ဖြစ်ပါတယ် ။ ကဲ ကြည့်မိသူတိုင်းအတွက် အားကျချင်စရာကောင်းလွန်းတဲ့ ကောင်းပြည့်နဲ့ သန္တာဗိုလ်တို့စုံတွဲရဲ့Tik Tok Video လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Be First to Comment

Leave a Reply

Your email address will not be published. Required fields are marked *