Press "Enter" to skip to content

အလှအပနဲ့ပတ်သက်ရင် အမြဲတမ်းဂရုတစိုက်နေထိုင်တတ်သူဖြစ်လို့ အခုချိန်အထိ လူငယ်လေးလိုငယ်ရွယ်နုပျိုနေတဲ့ မြတ်ကေသီအောင်

မင်းသမီးချော မြတ်ကေသီအောင်ကတော့ အကယ်ဒမီဆုနှစ်ဆုတိတိ ရယူပိုင်ဆိုင်ခဲ့တဲ့ ပရိသတ်အချစ်တော်လေးတစ်ယောက်ပါပဲနော်။ မြတ်ကေသီအောင်က အနုပညာအရည်အချင်းပြည့်ဝသလို ဇာတ်ရုပ်တိုင်းကို အံဝင်ခွင်ကျဖြစ်အောင်လည်း ဖန်တီးပုံဖော်တတ်သေးတာ ဖြစ်ပါတယ် ။ မြတ်ကေသီအောင်ပါဝင်သရုပ်ဆောင်ခဲ့တဲ့ ဇာတ်ကားတော်တော်များများကလည်း ပရိသတ်တွေအကြိုက်နဲ့ထပ်တူကျပြီး အမြဲတမ်းအောင်မြင်နေတာ ဖြစ်ပါတယ်။

အခုချိန်မှာတော့ မြတ်ကေသီအောင်က ကိုယ်ပိုင်စီးပွားရေးကိုသာ အာရုံစိုက်လုပ်ကိုင်နေတာပဲ ဖြစ်ပါတယ် ။ ဘဝကို အေးအေးဆေးဆေးဖြတ်သန်းနေတဲ့ မြတ်ကေသီအောင်က အရွယ်တင်နုပျိုပြီး လှသွေးကြွယ်နေတာလည်း ဖြစ်ပါတယ် ။ အထူးသဖြင့် မြတ်ကေသီအောင်က သူမရဲ့ကျန်းမာရေးနဲ့အလှအပကို ဂရုတစိုက်နေထိုင်တတ်တာကြောင့် လူငယ်တစ်ယောက်လို အမြဲတမ်းလန်းနေတာလည်း ဖြစ်ပါတယ် ။

အခုလည်း မြတ်ကေသီအောင်က “ဆံပင်ကောက်တယ် မျက်နှာဂျီးချွတ် လက်သည်းအလှတပ် ကိုယ်ပြန်တဲ့အချိန် သူများတွေအိပ်ချိန် စိတ်ရှည်ရှည်နဲ့ အကောင်းဆုံးလုပ်ပေးတဲ့ညီမလေး ဖွေးရေ ကျေးဇူးပါနော်” ဆိုပြီး ပုံလေးတွေကို တင်ထားတာ ဖြစ်ပါတယ် ။ မြတ်ကေသီအောင်က သူမစိတ်တိုင်းကျလှလှပပလေးဖြစ်အောင် ပြင်ပြင်ဆင်ဆင်နဲ့ နေထိုင်ရင်း အရမ်းလန်းနေတာပဲ ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချော မြတ်ကေသီအောင်ရဲ့ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Be First to Comment

Leave a Reply

Your email address will not be published. Required fields are marked *