ချစ်စရာကောင်းပြီး ဖြူစင်တဲ့ အလှပိုင်ရှင်လေးဖြစ်တဲ့ မင်းသမီးချောလေး ရွှေပိုးအိမ်ကတော့ အနုပညာနယ်ပယ်ထဲကို ဟိုးအရင်ကတည်းက ဝင်ရောက်လာခဲ့ပြီး ဇာတ်ကားပေါင်းများစွာမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့မင်းသမီးလေးဖြစ်ပါတယ်။သူမက တော့ ဇာတ်ကားများစွာမှာ ကျရာဇာတ်ရုပ်ကို ပီပြင်ပိုင်နိုင်အောင် သရုပ်ဆောင်ပြီး ဇာတ်ရုပ်အမျိုးမျိုးနဲ့ ကြည့်ရှုသူ ပရိသတ်တွေကို ဇာတ်ကားအဆုံးထိ မျောပါသွားအောင် ဆွဲခေါ်သွားနိုင်တဲ့ Acting ကောင်းတဲ့ မင်းသမီးဖြစ်ပါတယ်။
ရွှေပိုးအိမ် ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားတွေကိုဆိုရင်လည်း ပရိသတ်တွေက အားပေးကြည့်ရှုကြပြီး သူမရဲ့ ပိုင်နိုင်တိကျတဲ့ သရုပ်ဆောင်တွေကြောင့် ပရိသတ်ကြီးက ဇာတ်ကားထဲ စီးမျောပါသွားရပါတယ်နော်။ရွှေပိုးအိမ်က ပြည့်ပြည့်ဖောင်းဖောင်းလေး နဲ့ချစ်စရာကောင်းတဲ့ ပုံလေးကြောင့် လူချစ်လူခင် ပေါများကာပရိသတ်တွေ ချစ်ခင်ကြတာလည်းဖြစ်ပါတယ်။
ရွှေပိုးကတော့ အနုပညာအလုပ်တွေဆက်တိုက် လုပ်နေတာဖြစ်ပြီး ပရဟိတလုပ်ငန်းတွေကိုလည်း ကိုယ်တိုင်ပါဝင် လုပ်ကိုင်သူလေးဖြစ်ပါတယ်။ လတ်တလောမှာတော့ အသားကပ် ဖက်ရှင်လေးကိုဝတ်ဆင်ကာ ဆွဲဆောင်မှုရှိလွန်းတဲ့ gym ကအမိုက်စားပုံလေးတွေကို သူမရဲ့ ဖေ့ဘွတ်စာမျက်နှာပေါ်တွင်ဖော်ပြထားတာတွေ့ရပါတယ်။ပုံလေးတွေတိုင်းက ဆွဲဆောင်မှုရှိရှိနဲ့ ချစ်ဖို့ကောင်းလွန်းနေတာကြောင့် ရွှေပိုးရဲ့ ပုံလေးတွေကို ကြည့်ရှုနိုင်စေရန်မျှဝေပေးလိုက်ပါတယ်။
Be First to Comment