Press "Enter" to skip to content

အိမ်မှာနေရင်းထိုင်ရင်း လက်ဆောင်ဘူးရလို့ဖွင့်ကြည့်တော့မှ ပိုက်ဆံငါးထောင်တန်တွေအများကြီးပါတာတွေ့လို့ Surprise ဖြစ်ကာပျော်ခဲ့ရတဲ့ အိအိတုန်

သရုပ်ဆောင် အိအိတုန်ကတော့ အခုဆိုရင် ချစ်စရာကောင်းတဲ့ သမီးချောလေးနှစ်ယောက်ရဲ့မေမေ ဖြစ်သွားပြီပဲ ဖြစ်ပါတယ် ။ မကြာသေးခင်ကမှ ဒုတိယမြောက်ရင်သွေးလေးဖြစ်တဲ့ သမီးလေးငယ်လေးကို မွေးဖွားခဲ့တဲ့အိအိတုန်က ပြီးခဲ့တဲ့ရက်ကပဲ ဆေးရုံကနေ ဆင်းခဲ့တာ ဖြစ်ပါတယ် ။ အခုတော့ အိအိတုန်က သွေးနုသားနုအချိန်လေးမှာ အပြင်လုံးဝမထွက်ဘဲ အိမ်ထဲမှာပဲ ချစ်ရတဲ့မိသားစုနဲ့အတူ အေးအေးဆေးဆေးလေး အနားယူနေတာ ဖြစ်ပါတယ် ။

အိအိတုန်ရဲ့ခင်ပွန်းကလည်း သူမနဲ့ရင်သွေးလေးကို အနီးကပ်ပြုစုစောင့်ရှောက်ပြီး ဝေယျာဝစ္စတွေကအစ ကိုယ်တိုင်ပြုလုပ်နေတာ ဖြစ်ပါတယ် ။ ပေါင်းသင်းဆက်ဆံရေးကောင်းပြီး လူချစ်လူခင်ပေါများတဲ့ အိအိတုန်တစ်ယောက် အခုတလောမှာ ခဏခဏ စပရိုက်လုပ်ခံနေရတာ ဖြစ်ပါတယ် ။ အခုလည်း အိအိတုန်က အိမ်မှာနေရင်းထိုင်ရင်း ပိုက်ဆံငါးထောင်တန်တွေအပြည့်ပါတဲ့ဘူးကို လက်ဆောင်ရရှိခဲ့ပြန်တာ ဖြစ်ပါတယ် ။

အိအိတုန်က လက်ဆောင်ရထားတဲ့ဘူးကိုဖွင့်ကြည့်တော့မှ ပိုက်ဆံငါးထောင်တန်တွေအများကြီးပါတာတွေ့ရလို့ အရမ်းအံ့အားသင့်ခဲ့ရတာ ဖြစ်ပါတယ် ။ အိအိတုန်က “ချစ်လီလီ တင်မိုးသူရဲ့surprise ရင်တွေခုန်အောင်လုပ်ပေးလို့ ကျေးဇူးပါ ချစ်မမတို့ရေကျေးဇူးအများကြီးတင်ပါတယ်နော်” ဆိုပြီး တင်ထားတာ ဖြစ်ပါတယ် ။ ကဲ လက်ဆောင်ဘူးကို Live လွှင့်ပြရင်း ပေးတဲ့သူကိုကျေးဇူးတင်နေတဲ့ အိအိတုန်ရဲ့ဗီဒီယိုလေးကို ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Be First to Comment

Leave a Reply

Your email address will not be published. Required fields are marked *