Press "Enter" to skip to content

2020-2021 Caah Motor/ Motor Cycle Mawngtu Nih Zulhding Phunghram Thar an Chuah Than Cang.

ဆိုင်ကယ်မောင်းနှင်သူများအတွက် အသစ်ထုတ်ပြန်လိုက်သည့် ၂၀၂၀ ဥပဒေအသစ်
=============================================================
လက်ရှိအချိန်တွင် ဆိုင်ကယ်စီးနင်းမှုနှုန်းက မြို့အနှံ့ရော၊နယ်တွေမှာပါ များပြားနေသောကြောင့် ဆိုင်ကယ်စီးနင်းသူများအတွက် အသစ်ထုတ်ပြန်လိုက်သည့် ၂၀၂၀ ဥပဒေအသစ်ကို ဖော်ပြပေးလိုက်ပါသည်။ အဆိုပါဥပဒေသစ်တွင် ငွေဒဏ်ရော၊ ထောင်ဒဏ်များပါပါဝင်လာခဲ့သည်။

ဦးထုပ်မဆောင်း =ကျူးလွန်သည့်ပုဒ်မ(၇၆-ဂ)။ အရေးယူသည့်ပုဒ်မ ၈၇= ဒဏ်ငွေသုံးသောင်း။

ယာဉ်နံပါတ်မထင်ရှား = ကျူးလွန်သည့်ပုဒ်မ(၈၄-က)။ အရေးယူသည့်ပုဒ်မ-၉၄ = ဒဏ်ငွေသုံးသိန်း. ထောင် သုံးလ။

အခြားနံပါတ်တပ် = ကျူးလွန်သည့်ပုဒ်မ(၈၄-ခ)။ အရေးယူသည့်ပုဒ်မ-၉၄ = ဒဏ်ငွေ သုံးသိန်း.ထောင်သုံးလ။

ယာဉ်နံပါတ်ပြားမတပ်= ကျူးလွန်သည့်ပုဒ်မ(၈၄-ဂ)။ အရေးယူသည့်ပုဒ်မ-၉၄ = ဒဏ်ငွေ သုံးသိန်း. ထောင် သုံးလ။

ဝှီးတက်သက်တမ်းကုန် =ကျူးလွန်သည့်ပုဒ်မ(၈၀)။အရေးယူသည့်ပုဒ်မ-၉၁ = ဒဏ်ငွေတစ်သိန်း. ထောင် တစ်လ။

ယာဉ်မောင်းလိုင်စင်မရှိ = ကျူးလွန်သည့်ပုဒ်မ(၈၁-က)။အရေးယူသည့်ပုဒ်မ-၉၁ = ဒဏ်ငွေတစ်သိန်း. ထောင် တစ်လ။

တခြားသူ၏ယာဉ်မောင်းလိုင်စင်သုံး = ကျူးလွန်သည့်ပုဒ်မ(၈၁-ဂ)။ အရေးယူသည့်ပုဒ်မ-၉၁။ဒဏ်ငွေတစ်သိန်း. ထောင် တစ်လ။

ယာဉ်မဆင်မခြင်မောင်း=ကျူးလွန်သည့်ပုဒ်မ(၈၁-င)။ အရေးယူသည့်ပုဒ်မ ၉၁ = ဒဏ်ငွေ တစ်သိန်း. ထောင် တစ်လ။

မူးယစ်ဆေးဝါးသုံးအရက်အမူးလွန်းမောင်း ပုဒ်မ(၈၁-ဇ)။အရေးယူသည့်ပုဒ်မ ၉၁ = ဒဏ်ငွေ တစ်သိန်း. ထောင် တစ်လ
ယာဉ်မောင်းလိုင်စင်မပါပုဒ်မ(၇၅-က)။ အရေးယူသည့်ပုဒ်မ-၈၆ = ဒဏ်ငွေ သုံးသောင်း။

ယာဉ်မောင်းလိုင်စင်သက်တမ်းလွန် = ကျုးလွန်သည့်ပုဒ်မ(၇၅-ဂ)။ အရေးယူသည့်ပုဒ်မ- ၈၆ = ဒဏ်ငွေ သုံးသောင်း။

မီးပိုတပ် = ကျုးလွန်သည့်ပုဒ်မ(၇၅-ဆ)။ အရေးယူသည့်ပုဒ်မ-၈၆ = ဒဏ်ငွေ သုံးသောင်း။

ယာဉ်မောင်းစဉ်ဖုန်းအသုံးပြု = ကျုးလွန်သည့်ပုဒ်မ(၇၅-ဋ)။ အရေးယူသည့်ပုဒ်-၈၆ = ဒဏ်ငွေ သုံးသောင်း။

ဘက်မှန်မပါ = ကျူးလွန်သည့်ပုဒ်မ(၇၆-က)။ အရေးယူသည့်ပုဒ်မ ၈၇ = ဒဏ်ငွေ သုံးသောင်း။

ရှေ့မီးအနိမ့်နေ့/ညဖွင့်မောင်းရန်ပျက်ကွက် = ကျူးလွန်သည့်ပုဒ်မ(၇၆-ခ)။အရေးယူသည့်ပုဒ်မ ၈၇ = ဒဏ်ငွေသုံးသောင်း။

ပါဝါအိတ်ဇောအသံထိန်းမပါ = ကျူးလွန်သည့်ပုဒ်မ(၇၆-က)။အရေးယူသည့်ပုဒ်မ ၈၇ = ဒဏ်ငွေ သုံးသောင်း။
Photo Credit : internet

Be First to Comment

Leave a Reply

Your email address will not be published. Required fields are marked *