Press "Enter" to skip to content

Uar An Um Ning Hi An Mak Kho Taktak (+Hmanthlak Pawl )

မင်းသမီးချောလေး ရွှေမှုံရတီကတော့ အသက်ငယ်ငယ်နဲ့ အနုပညာလောကကို ဝင်ရောက်ခဲ့သူလေးဖြစ်ပြီး အချိန်ခဏအတွင်းမှာတင် အောင်မြင်မှုတွေများစွာရရှိခဲ့တာ ဖြစ်ပါတယ် ။ အခုဆိုရင် ရွှေမှုံရတီက နာမည်တစ်လုံးနဲ့ရပ်တည်နေပြီဖြစ်ပြီး ပရိသတ်တွေရဲ့အားပေးဝန်းရံခြင်းခံနေရတာ ဖြစ်ပါတယ် ။ ရွှေမှုံရတီက အဆိုတော်၊မင်းသားချောရွှေထူးနဲ့ ထိမ်းမြားလက်ထပ်ပြီး သာယာချမ်းမြေ့တဲ့အိမ်ထောင်သည်ဘဝလေးကို တည်ဆောက်ခဲ့တာပဲ ဖြစ်ပါတယ် ။

ရွှေထူးနဲ့ ရွှေမှုံရတီတို့စုံတွဲလေးက အနုပညာအလုပ်တွေကို အတူလက်တွဲကာလုပ်ကိုင်နေကြသလို နားလည်မှုတွေအပြည့်နဲ့ အိမ်ထောင်သည်ဘဝလေးကို တည်ဆောက်နေတာ ဖြစ်ပါတယ် ။ သူများတွေနဲ့မတူအောင် Romantic ဆန်ဆန်လေးချစ်တတ်ကြတဲ့ သူတို့စုံတွဲလေးကို ပရိသတ်တွေကလည်း အားကျနေရတာ ဖြစ်ပါတယ် ။ ရွှေမှုံက သူတို့စုံတွဲလေးရဲ့လှုပ်ရှားမှုတွေကို အမြဲမျှဝေတတ်သလို အခုလည်း ခင်ပွန်းဖြစ်သူရဲ့ပုံလေးကို My Story မှာတင်ထားတာ ဖြစ်ပါတယ် ။

ပိုက်ဆံ (၁) သောင်းအထပ်လိုက်ကို လက်ထဲမှာအပြည့်ကိုင်ပြီး ဆေးဖြန်းနေတဲ့ ရွှေထူးကိုတော့ ရွှေမှုံက ဓာတ်ပုံလေးရိုက်ပြီး ဆေးထိုးလိုက်တာ ဖြစ်ပါတယ် ။ ရွှေမှုံက တစ်ယောက်တည်းအလုပ်တွေရှုပ်နေတဲ့ ချစ်ခင်ပွန်းကို Boss လို့ခေါ်ပြီး စနောက်ကျီစယ်လိုက်တာလည်း ဖြစ်ပါတယ် ။ ကဲ ချစ်စရာကောင်းတဲ့ ရွှေရွှေတို့စုံတွဲရဲ့ပုံရိပ်လေးတွေကို ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှပေးလိုက်ပါတယ်နော်။

Be First to Comment

Leave a Reply

Your email address will not be published. Required fields are marked *