Press "Enter" to skip to content

A Cu Tluk Uar Um Khawh Cu Mak Lawlaw (+Hmanthlak & Video)

ပရိသတ်ကြီးရေ……သရုပ်ဆောင်ကောင်းမွန်တဲ့အပြင် ကလေးတစ်ယောက်လိုချစ်စဖွယ်မျက်နှာလေးနဲ့ပရိသတ်အားပေးမှုအပြည့်အ၀ရရှိထားတဲ့ မင်းသမီးချောလေး၀တ်မှုန်ရွှေရည်ကိုသိကြမယ်ထင်ပါတယ်‌။သူမဟာ ကြော်ငြာများ ဗီဒီရိုဇာတ်ကားများဖြင့်အနုပညာလောကထဲစတင်၀င်ရောက်လာခဲ့ပြီး ယခုဆိုရင်နိုင်ငံကျော်ထိပ်တန်းမင်းသမီးတစ်လက်ဖြစ်လို့နေပါပြီ။‌ကစ်‌ဟာ ကျရာဇာတ်ရုပ်ကိုပီပြင်စွာသရုပ်ဆောင်နိုင်တဲ့အတွက် အကယ်ဒမီဆုများစွာကိုလည်းသိမ်းပိုက်ထားနိုင်သူတစ်ယောက်ဖြစ်ပါတယ်။

ရွှေကစ်ဟာ ဖြူဖွေး၀င်းဥနေတဲ့အသားအရည်လေးကိုလည်းပိုင်ဆိုင်ထားတာဖြစ်ပြီး ကလေးလေးတစ်ယောက်လိုနုပျိုလှပနေတာဖြစ်တဲ့အပြင် အလုပ်လုပ်တဲ့နေရာမှာလည်း professionalကျကျလုပ်တတ်တာကြောင့် အနုပညာလောကမှာ နာမည်တစ်လုံးနဲ့ရပ်တည်အောင်မြင်နေတာဖြစ်ပါတယ်။ အခုလက်ရှိမှာဆိုရင်လည်း ရွှေကစ်လေးဟာရိုက်ကူးရေးတွေ ရှုတင်တွေအဆက်မပြတ်လုပ်နေရတာဖြစ်ပြီး မနားမနေသွားနေရတာလည်း ဖြစ်ပါတယ်….။

ပွဲအခမ်းအနားတွေ၊ရိုက်ကူးရေးတွေကို အမြဲလိုလိုစိ‌တ်ရောကိုယ်ပါနှစ်ပြီးလုပ်တတ်တဲ့ ရွှေကစ်လေးဟာ မကြာသေးမီကတော့ သူမရဲ့ Instagram accလေးမှာ ပင်ပန်းပြီး moodတွေပျောက်ကာ အိပ်ချင်နေခဲ့တဲ့အတွက် သူမရဲ့သူငယ်ချင်းတွေက သီချင်းဆိုကာအားပေးနေကြတဲ့ ဗီဒီယိုလေးကိုတင်ပေးလာခဲ့ပါတယ်။ ကဲ….ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Be First to Comment

Leave a Reply

Your email address will not be published. Required fields are marked *