Press "Enter" to skip to content

A Zeihmi Video Ruang ah Phuyphuy Thwe Nih Ngaihthiam A Hal Than Hna..

မြန်မာနိုင်ငံ အတွင်းရေးမှူးအသင်း များကိုဖြူဖြူထွေးပြန် တောင်းပန်လိုက်ပြီ

အွန်လိုင်းဆယ်လီတစ်ယောက်ဖြစ်တဲ့ဖြူဖြူထွေးကတော့နောက်ပိုင်းမှာအွန်လိုင်းကြော်ငြာလေးတွေကိုရိုက်ကူးလာခဲ့ပြီးအနုပညာလှုပ်ရှားမှုတွင်လုပ်ကိုင်လာခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းမှာလည်း ဖြူဖြူထွေးက ဒါရိုက်တာ စတီးလ်ရိုက်ကူးတဲ့ကြော်ငြာတစ်ခုမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး အွန်လိုင်းပေါ်တင်ခဲ့ရာ ထိုကြော်ငြာထဲက ဇာတ်ညွှန်းနှင့် သရုပ်ဆောင်ချက်တွေက အတွင်းရေးမှူးတွေရဲ့ ကျင့်ဝတ်နဲ့ မညီညွှတ်သော ကိုယ်အမူအယာ နူတ်အမူအယာတွေအပြင် လုပ်ငန်းခွင့်ရှိ လုပ်ဖော်ကိုင်ဖက်များကို ပြောဆိုဆက်ဆံပုံများ ပါဝင်တာကြောင့် မြန်မာနိုင်ငံအတွင်းရေးမှူး အသင်းက ရှုံ့ချ ကြောင်းစာထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

ထိုကိစ္စနဲ့ပတ်သတ်ပြီး ဖြူဖြူထွေးက “ဒီကြော်ငြာလေးကတော့ Director သင်ပေးတဲ့အတိုင်း လုပ်ောင်ခဲ့ရတာပါ ဒီလိုရိုင်းစိုင်းတဲ့ အပြုအမူမျိုးဖြစ်ခဲ့ရင် သမီးအနနေဲ့ တောင်းပန်ပါတယ် ဇာတ်လမ်း၊ဇာတ်ညွှန်း သမီးကိုယ်တိုင် ရေးစပ်ထားတာ မဟုတ်တော့ Secretary တစ်ယောက်ရဲ့ နေထိုင်မှုအဆင့်အတန်းကို သမီးလေ့လာမထားမိပါဘူး။

အဲ့တာကြောင့် သမီးရဲ့သရုပ်ဆောင်မှုဟာ Secretary ဝန်ထမ်းတွေအပေါ် ဂုဏ်သိက္ခာထိခိုက်မှုကြောင့် သမီးအနနေဲ့ အနူးအညွှန့်တောင်းပန်အပ်ပါတယ်ရှင်။နောက်နောင် ဒါမျိူးမဖြသ်အောင်လည်း ဇာတ်ညွှန်းကိုသေချာ ဖတ် ဂရုစိုက်ပြီးသရုပ်ဆောင်ပါမယ်ဆိုပြီး အနူးညွတ်တောင်းပန်လာခဲ့ပါတယ်။

ဒါရိုက်တာစတီးလ်ရိုက်ကူးခဲ့ပြီး ဖြူဖြူထွေးသရုပ်ဆောင်ခဲ့တဲ့ ကြော်ငြာတွေကတော့ မြန်မာနိုင်ငံအတွင်းရေးမှူးတွေရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေခဲ့တာကြောင့် အတွင်းရေးမှူးတွေရဲ့ ဝေဖန်မှုကို ပြင်းပြင်းထန်ထန် ခံနေရတာပဲဖြစ်ပါတယ်။

ဖြူ ဖြူထွေးရဲ့ ဖြေရှင်းတောင်းပန်လာမှုကြောင့် လုပ်ငန်းခွင်ထဲက အတွင်းရေးမှူးတွေနဲ့ တကွ ပရိတ်သတ်ကြီးလည်း နားလည်ခွင့်လွတ်ပေးကြမယ်လို့ မျှော်လင့်ပါတယ်။ ဖတ်ရှုပေးကြတဲ့ပရိတ်သတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိူင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Credit..Aung Lay

Be First to Comment

Leave a Reply

Your email address will not be published. Required fields are marked *