ပြည်သူချစ်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ အကယ်ဒမီမြတ်ကေသီအောင်ကတော့ တစ်ခေတ်တစ်ခါမှာဆိုရင် နာမည်ကြီးတဲ့မင်းသမီးတစ်လက်ပဲဖြစ်ပါတယ်။မြတ်ကေသီအောင်ရဲ့ဖခင်ကလည်း အနုပညာရှင်တစ်ယောက်ပဲဖြစ်တာကြောင့် သူမရဲ့သွေးထဲမှာ အနုပညာပိုးတွေစီးဆင်းနေတာဖြစ်ပါတယ်နော်။မြတ်ကေသီအောင်ကလည်း အားသွန်ခွန်စိုက်ကြိုးစားခဲ့တာကြောင့် ပရိသတ်တွေက မင်းသမီးတစ်ယောက်အဖြစ် လက်ခံအားပေးကြတာဖြစ်ပါတယ်။
မြတ်ကေသီအောင်ရဲ့အောင်မြင်မှုတွေကတော့ ယနေ့ခေတ်ထိတိုင် မလျော့သွားသေးဘဲ ပရိသတ်တွေရဲ့အချစ်ကို ရရှိနေဆဲဖြစ်ပါတယ်။မြတ်ကေသီအောင်က အခုချိန်မှာဆိုရင်တော့ တစ်ယောက်တည်း အေးအေးချမ်းချမ်းနေထိုင်နေတာဖြစ်ပြီး သူငယ်ချင်းတွေနဲ့လည်း ခရီးတွေသွားတတ်ပါသေးတယ်။အနုပညာအလုပ်တွေကိုလည်း ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေတာဖြစ်လို့ မြတ်ကေသီအောင်က ပရိသတ်တွေနဲ့တော့ မဝေးကွာသွားပါဘူးနော်။
မြတ်ကေသီအောင်ကတော့ တစ်ခေတ်တစ်ခါကတည်းက ပြီးပြည့်စုံတဲ့အလှအပတွေကို ပိုင်ဆိုင်ခဲ့တာကြောင့် ယနေ့အချိန်ထိလည်း အရွယ်တင်နုပျိုနေဆဲဖြစ်ပါတယ်။သူမကိုယ်တိုင်လည်း အလှအပတွေကို သေချာဂရုစိုက်ပြီး ထိန်းသိမ်းနေတာဖြစ်လို့ ငယ်ရွယ်နုပျိုမှုတွေက နည်းနည်းလေးမှမလျော့သွားတာဖြစ်ပါတယ်။အခုဆိုရင်လည်း မြတ်ကေသီအောင်က မျက်နှာလေးချေးချွတ်ပြီး လက်သည်းလေးတွေကိုလည်း လှလှလေးဖြစ်အောင် ပြင်ထားတဲ့ပုံရိပ်လေးတွေကို ချစ်ပရိသတ်ကြီးအတွက် မျှဝေလာခဲ့တာဖြစ်ပါတယ်နော်။
Be First to Comment