ဒီအမျိူးသားရဲ့ နာမည်ကတော့ Duston Holloway ပဲ ဖြစ်ပါတယ်။ သူဟာ တရက်မှာ ညဘက်ကြီး အိမ်ပြန်လာစဥ် သူ့ရဲ့ ချစ်သူကောင်မလေးဟာ အခြားတစ်ယောက်နဲ့ အိပ်ယာထဲမှာ အတူအိပ်နေတာကို တွေ့ခဲ့ရတာပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် Duston ဟာ တော်တော်လေး ဒေါသထွက်ခဲ့ပေမယ့်လည်း သူ့ရဲ့ဒေါသကို ထိန်းချုပ်ခဲ့ပါတယ်။ Duston ဟာ သူ့ရဲ့အိပ်ယာထဲမှာအိပ်နေတဲ့ ချစ်သူကောင်မလေးနဲ့ အခြားယောကျာ်းနဲ့အတူ selfie ပဲရိုက်ပီး လူမှုကွန်ယက်မှာတင်ခဲ့ပါတယ်။
Duston ဟာ ဒီပုံတွေကို အိမ်ပြန်ရောက်ချိန် ကိုယ်ချစ်မြတ်နိူးရတဲ့သူနဲ့ အခြားယောကျာ်းတစ်ယောက်ကို အိပ်ယာထဲမှာ အတူတွေ့ရတဲ့အခါ ဆိုတဲ့ caption နဲ့တင်ခဲ့တာဖြစ်ပီး ကောင်းမွန်တဲ့ ယောကျာ်းတစ်ယောက်ဟာ ကောင်းမွန်တဲ့ မိန်းမတစ်ယောက်နဲ့ပဲ ထိုက်တန်တယ်လို့ ရေးသားခဲ့ပါသေးတယ်။
အဲ့ဒီနောက်မှာတော့ Duston ဟာ ဒီလောက်နဲ့ပဲ အဆက်ဖြတ်ပီး အဆုံးသတ်ခဲ့ပေမယ့် သူ့နေရာမှာ တခြားသူတွေဆိုရင်တော့ ဒီလိုလွယ်လွယ်လေးနဲ့ ကျော်သွားပေးကြမယ် မထင်ပါဘူး။
Be First to Comment