မြန်မာ့ဂုဏ်ဆောင် အောင်လအန်ဆန် ကတော့ ပရိသတ်တွေရဲ့ အချစ်တွေကို အပြည့်အဝရရှိထားတဲ့ MMAဖိုက်တာကစားသမား တစ်ယောက်ပဲ ဖြစ်ပါတယ်။ အောင်လအန်ဆန်လို့ ပြောလိုက်တာနဲ့ ကလေးကအစ လူကြီးတွေပါ အားပေးချစ်ခင်ရခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် အေးချမ်းသာယာတဲ့ မိသားစုဘဝလေးကို တည်ဆောက်ထားနိုင်ခဲ့ပြီး ချစ်စရာကောင်းလွန်းတဲ့ သားလေးတစ်ယောက်နဲ့ သမီးလေးတစ်ယောက်ကို ပိုင်ဆိုင်ထားပြီး ဘဝကိုပျော်ရွှင်စွာ ဖြတ်သန်းနေထိုင်နေတာ ဖြစ်ပါတယ်။
အောင်လအန်ဆန်ကတော့ မိသားစုကိုလည်း အပြည့်အဝအချိန်ပေးလျက်ရှိနေသလို လေ့ကျင်ခန်းတွေကိုလည်း အဆက်မပြတ်ပြုလုပ်လျက်ရှိတာကိုလည်း တွေ့ရပါတယ်။ သူ့ရဲ့ မိသားစုလေးတွေကိုလည်း ပရိသတ်တွေ ချစ်အားပိုအောင် မကြာခဏဆိုသလိုဖော်ပြပေးပါတယ်။ ယခုမှာလည်း အောင်လအန်ဆန် က ပရိသတ်တွေသဘောကျစေမယ့် ဗီဒီယိုလေးတစ်ခုကို တင်ပေးလာခဲ့ပါတယ်။
ဒီဗီဒီယို ကတော့ အောင်လအန်ဆန် က ပုရစ်ကြော် မစားဖူးသေးတဲ့ သားလေးအတွက် ပုရစ်ကြော်ထုပ်လေးဖောက်ပြီး သားအဖနှစ်ယောက် စားနေတဲ့ ဗီဒီယိုလေးပဲ ဖြစ်ပါတယ်။ မြန်မာပြည်မှာတော့ ပုရစ်ကြော်စားသုံးသူတွေကတော့ များစွာရှိနေတာ ဖြစ်ပါတယ်။ ပရိသတ်တွေလည်း ပုရစ်ကြော်စားနေတဲ့ အောင်လအန်ဆန် သားအဖနှစ်ယောက်ရဲ့ ဗီဒီယိုလေးကို သဘောကျမယ်လို့ မျှော်လင့်မိပါတယ်။
Be First to Comment