ချစ်ပရိသတ်ကြီးရေ သရုပ်ဆောင် သက်မွန်မြင့်ကတော့ အနုပညာလောကထက်မှာ အောင်မြင်မှုများစွာ သိမ်းပိုက်ရရှိထားပြီး မြန်မာနိုင်ငံရဲ့ ထိပ်တန်းအနုပညာရှင်တစ်ယောက်ပါနော်။ သူမက ဗီဒီယိုဇာတ်ကားတွေကတစ်ဆင့် ယနေ့ရုပ်ရှင်ဇာတ်ကားကြီးတွေတိုင်အောင် ရိုက်ကူးအောင်မြင်ခဲ့ပြီး အကယ်ဒမီဆုကြီးတွေကိုလည်း ထိုက်ထိုက်တန်တန်ရရှိပိုင်ဆိုင်ထားတာပါ။
အိမ်ထောင်ပြုပြီး သားသားလေးတစ်ယောက်နဲ့ သမီးလေးတစ်ယောက်ကို မွေးဖွားခဲ့ပေမယ့် အလှပျက်မသွားပဲ အပျိုရှုံးရလောက်အောင် လှရက်လွန်းတဲ့ သူမက အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ကိုင်နေတာပါ။ ပရိသတ်တွေကလည်း သက်မွန်ရဲ့ လှုပ်ရှားမှုတွေကို စောင့်ကြည့်အားပေးနေတာဖြစ်ပြီး ယနေ့မှာလည်း သူမက ပိုစ့်တစ်ခုတင်ပေးလာပြန်ပါတယ်။ ဒါကတော့ ပြစ်ချက်မရှိလှရက်လွန်းတဲ့ ပုံလေးတွေပါ။
သက်မွန်က သူမရဲ့ ပုံလေးတွေအပြင် ” Live လေးလွှင့်ရင် ကောင်းမလားလို့ မလွှင့်တာလည်း ကြာပြီဆိုတော့ ဒါမယ့် တစ်ယောက်ထဲ စကားတွေ ပြောနေရတာဆိုတော့ ကြာရင် ဘာပြောရမှန်းသိတော့ဘူး နာမည်ခေါ်ပေးပါ ဆိုတာတွေများတော့ နာမည်တွေပဲ လှိမ့်ခေါ်ပေးရင်ရော ဖြစ်လား ကဲပါလေ နောက်အပါတ်မှ ပေါ့!အလှပုံလေးပဲတင်တော့မယ် မြင်သူ စိတ်ချမ်းသာအောင် ” ဆိုတဲ့ စာသားလေးကိုလည်း ရေးသားထားတာဖြစ်လို့ ပြန်လည်ဝေမျှပေးလိုက်ပါတယ်….. ။
Be First to Comment