Press "Enter" to skip to content

CNA Le SAC Ralhrang Lei Tang ZRA Kar Kahdohnak A Chuak

Nihin Zinglei Tedim Peng ah CNA le ZRA Karlak Kahdohnak a Chuak. Nihin December 17, zinglei sml. 3:00 hrawng ah Tedim peng, Gawsing khuate ah CNA le SAC ralhrang tthiangtthunh Zomi Revolution Army (ZRA) karlak ah kahdohnak a chuak, tiah thawng kan theih.

Kahdohnak a chuahnak hmun Gawsing khuate hi Tedim khuapi he meng 30 hrawng a hlatnak ah a ummi India-Myanmar ramri pawng khuate a si.

Nihin zinglei kahdohnak ah Gawsing khuami pahnih hliamhma an pu i, khuami pawl zong an dihlak in an zaam hna.

ZRA nih aluancia thla chung ah Tedim peng ah a ummi PDF sakhaan voi 3 tiang an rak luh hnawh i mei in an khanghpiak bal hna.

Cu lawng si loin December 5 ah PDF-Zoland hi an hruaitu Pu Cin Sian Suan zong ZRA nih a inn ah meithal in an kah i a nunnak a liam.

[Burmese]
တီးတိန်မြို့နယ်မှာ CNF/CNA နဲ့ ZRA တို့ တိုက်ပွဲဖြစ်ပွား
———–
Khonumthung-ချင်းပြည်နယ်တီးတိန်မြို့နယ် Gawsing ကျေးရွာမှာ ယနေ့နံနက်ပိုင်း ၃ နာရီဝန်းကျင်လောက်မှာ ချင်းအမျိုးသား တပ်မေ တာ် CNF/CNA တပ်ဖွဲ့နဲ့ ဇိုမီးတော်လှန်ရေးတပ်မတော်(ZRA) တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။

Gawsing ကျေးရွာဟာ တီးတိန်မြို့ကနေ မိုင် ၃၀ လောက်ဝေးပြီး အိန္ဒိယ-မြန်မာနယ်စပ်ဘက်မှာတည်ရှိတဲ့ကျေးရွာတစ်ရွာ ဖြစ်ပြီး ယနေ့နံနက်ပိုင်း ၃ နာရီဝန်းကျင်လောက်ကဖြစ်ပွားတဲ့ အဲဒီတိုက်ပွဲကြောင့် ရွာသား ၂ ဦးထိခိုက်ဒဏ်ရာရရှိတဲ့အပြင် တရွာလုံးထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ တီးတိန်ဒေသခံတစ်ဦးကပြောပါတယ်။

“မနက်ပိုင်း ၃ နာရီလောက်စဖြစ်တာလို့ကြားတယ် ရွာသားတွေကတော့ အကုန်လုံးထွက်ပြေးကြတယ်လို့ပြောတယ် ရွာထဲက ၂ ယောက်တော့ ဒဏ်ရာရတယ်လို့တော့ကြားတယ်’’ ဟု တီးတိန်မြို့မှဒေသခံတစ်ဦးကပြောပါတယ်။
ယခုကိစ္စနဲ့ပတ်သက်ပြီး ချင်းအမျိုးသားတပ်မတော်ဘက်ကို ဆက်သွယ်ရန်ကြိုးစားကြည့်ပေမယ့် မေးမြန်းလို့မရသေးပါဘူး။

နောက်ထပ်သတင်းရင်းမြစ်တစ်ခုရဲ့အဆိုအရတော့ ချင်းအမျိုးသားတပ်မတော် CNA တပ်ဖွဲ့တွေဟာ တီးတိန်မြို့နယ်ထဲက စစ်ကောင်စီတပ်ဖွဲ့ကိုသွားရောက်ပစ်ခတ်တဲ့အချိန်မှာ ZRA တပ်ဖွဲ့ဘက်က စစ်ကောင်စီဘက်ကနေ ဝင်ပစ်ကူတာကြောင့် ZRA နဲ့ပါတိုက်ပွဲဖြစ်ပွားရတာလို့သိရပါတယ်။ သို့သော်လည်း ခိုနူမ်းသုန်အနေဖြင့် သီးသန့်အတည်ပြုချက်တော့မရသေး ပေ။

ဇိုမီးတော်လှန်ရေးတပ်မတော် ZRA တပ်ဖွဲ့ဟာ ၁၉၉၃ ခုနှစ်မှစတင်ဖွဲ့စည်းပြီး ၂၀၀၅ ခုနှစ်မှာ အိန္ဒိယဗဟိုအစိုးရနဲ့ သဘော တူစာချုပ်ချုပ်ဆိုကာ နယ်ခြားစောင့်တပ်ဖွဲ့အဖြစ် ပြောင်းလဲခဲ့ပြီးတော့ အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ်မှာအခြေစိုက်တဲ့ တပ်ဖွဲ့ ဖြစ်ပါတယ်။

ZRA တပ်ဖွဲ့ဟာ စစ်အာဏာရှင် စနစ်ကို ခုခံတော်လှန်နေတဲ့ တီးတိန်မြို့နယ်ထဲက ဒေသခံပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေကိုလည်း ယခင်ကလည်း တိုက်ခိုက်မှုတွေလုပ်ဆောင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့မေလ ၂၂ ရက်နေ့က တီးတိန်မြို့နယ်မှာအခြေစိုက်တဲ့ PDF တပ်စခန်းတစ်ခုကို ဝင်ရောက်သိမ်းပိုက်ခဲ့သလို ဇွန်လ ၁၆ ရက်နေ့မှာလည်း PDF-Zoland တပ်စခန်းတစ်ခုကို ဝင်ရောက်တိုက်ခိုက်ရာ သေနတ်၊ ရိက္ခာ၊ ဆေးဝါးနဲ့ အသုံးအေ ဆာင်ပ စ္စည်းစုစုပေါင်း သိန်း ၆၀ ကျော်လောက်ကို ဖျက်ဆီးခဲ့ပြီးဖြစ်ပါတယ်။

ဒါ့အပြင် စက်တင်ဘာလတုန်းကလည်း တီးတိန်မြို့နယ်ထဲက CDF-Hualngo တပ်စခန်းတစ်ခုကို ZRA က ထပ်မံဝင် ရောက်စီးနင်းခဲ့သလို ဒီဇင်ဘာလ ၅ ရက်နေ့မှ PDF-Zoland ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦး ကျင်ရှန်းဆွမ်ကိုလည်း တီးတိန်မြို့မှာ ပစ်ခတ်ခဲ့ကြပါတယ်။

ချင်းပြည်နယ်အတွင်း ZRA အဖွဲ့ရဲ့လုပ်ရပ်နဲ့ပတ်သက်ပြီး ချင်းကာကွယ်စုပေါင်းတပ်ဖွဲ့ဖြစ်တဲ့ Chinland Join Defense Force ကလည်းပြင်းပြင်းထန်ထန်ပြစ်တင်ရှှုတ်ချကာ ပြန်လည်တိုက်ခိုက်မယ်ဆိုပြီး သတိပေးထုတ်ပြန်ခဲ့ပြီးဖြစ်ပါတယ်။

-The Chin Journal

Be First to Comment

Leave a Reply

Your email address will not be published.