ချစ်သူရှိတဲ့သူတိုင်း သိထားရမယ့် နားလည်မှု (၅) မျိုး …
တကယ်တော့ သမီးရည်းစားဆက်ဆံရေးကနေ အိမ်ထောင်ရေးအထိ တစ်ဦးနဲ့တစ်ဦး အပေးအယူညီညီလေးနဲ့ နားလည်မှုရှိဖို့ဟာ တကယ်ကို အရေးပါလွန်းပါတယ်။ ဒါ့အပြင် အိမ်ထောင်မြဲဖို့ နဲ့ အချစ်ရေး မှာ ပျော်ပျော်ရွှင်ရွှင် ရှေ့ဆက်လျှောက်လှမ်းနိုင်ဖို့ သိထားရမယ့် အချက် (၅) ချက်ကတော့
၁။ တစ်ဖက်လူပြောတာကို သေချာ နားထောင်ပေးပါ။
ပြီးပြီးရော မဟုတ်ပဲ၊ ပြီးတော့ ပြောနေချိန် စကားဖြတ်မပြောပဲ တစ်ဖက်လူပြောတာကို သေချာအာရုံစိုက်ပြီး နားထောင်တတ်ပါစေ။ သူအားလုံးပြောပြီးသွားတဲ့အခါမှသာ သင့်ရဲ့ထင်မြင်ချက်၊ အကြံပေးတာ၊ အယူအဆ စတာတွေကို ဖွင့်ဟပါ။
၂။ သင်လိုချင်တဲ့အရာကို တောင်းဆိုတတ်ပါစေ။
ချစ်သူစုံတွဲတွေဟာ များသောအားဖြင့် ကိုယ်လိုချင်တာ ဘာဆိုတာ မပြောပဲ ရေငုံနှုတ်ပိတ်နေတတ်ကြပါတယ်။ စုံတွဲတစ်တွဲမှာ တစ်ယောက်ကတော့ များသောအားဖြင့် အဲ့ဒီလို နေတတ်တာများပါတယ်။ ဒါ့ကြောင့် သင်လိုချင်တာဟာ ဘယ်လိုမျိုး၊ သင်ဖြစ်ချင်တဲ့အရာက ဘယ်လိုမျိုး ဆိုတာ သင့်ချစ်သူကို ပွင့်ပွင့်လင်းလင်း ဖွင့်ဟပါ။
၃။ မလုပ်ဖူးသေးတဲ့ အရာတွေကို နှစ်ဦးသားအတူ စမ်းသပ်လုပ်ဆောင်ကြည့်ပါ။
နေ့စဉ်လုပ်ဆောင်နေကျ၊ အမြဲတမ်းလိုလိုရောက်ဖြစ်နေကျ ဟောင်းနေတဲ့ လမ်းစဉ်ကို ခဏထားခဲ့ပြီး နှစ်ဦးသားအတွက် အသစ်ဖြစ်စေမယ့် အရာတွေကို အတူပြုမူလုပ်ဆောင်ပါ။ သင်တန်းအသစ်တစ်ခုကို အတူတက်တာမျိုး လည်းကောင်းပါတယ်။ နေရာသစ်တစ်ခုကို အတူသွားရောက်လည်ပတ်တာမျိုးလည်း ကောင်းပါတယ်။
၄။ တစ်ယောက်ကို တစ်ယောက် ကျေးဇူးတင်တတ်ပါစေ။
တစ်ယောက်အပေါ် တစ်ယောက် ဘယ်လောက်ကောင်းကြောင်း တစ်ဦးနဲ့တစ်ဦး မကြာခဏ ဖွင့်ဟပြောဆိုပေးခြင်းဟာ သင်တို့နှစ်ဦးရဲ့ သံယောဇဉ်ကြိုးကို ပိုမြဲစေပါတယ်။ ဒါ့ပြင် ကျေးဇူးတင်တယ်ဆိုတဲ့ စကားမျိုးကိုလည်း ဖွင့်ဟပြောဆိုဖို့ ဝန်မလေးပါနဲ့။
၅။ အမှတ်တရနေ့လေးတွေကို အမြဲ သတိရမှတ်မိနေတတ်ပါစေ။
ဘယ်သူမဆို နှစ်ဦးသားစတွေ့တဲ့ နေ့လေးကို ပြန်ပြောပြတာမျိုး၊ နှစ်ပတ်လည်နေ့လေးတွေမှာ အမှတ်တရလက်ဆောင်ပေးတာမျိုး၊ ကိုယ့်ချစ်သူ အလေးထားတဲ့ အရာလေးတွေကို လက်ဆောင်ပေးတာမျိုး စတာတွေကို ကိုယ့်ချစ်သူဆီက လိုချင်ကြပါတယ်။ အသိအမှတ်ပြုလည်း ခံချင်ကြပါတယ်။ ဒါကိုလည်း ထည့်တွက်ပေးဖို့ လိုပါတယ်။
Be First to Comment