Eaindra Kyaw Zin Nupa Hi Tutan Duh Lonak Langhternak Ah Hin Uar An Um Kho Taktak (+Hmanthlak Tampi)

အကယ်ဒမီဆုတွေကို ဆွတ်ခူးရရှိထားကြတဲ့ ပြေတီဦးနဲ့အိန္ဒြာကျော်ဇင်တို့ဇနီးမောင်နှံဟာဆိုရင် အနုပညာလောကမှာ ထိပ်တန်းအနုပညာရှင်တွေဖြစ်ကြပါတယ်။ပြေတီဦးနဲ့အူဝဲတို့က ပရိသတ်အများအပြားကို ပိုင်ဆိုင်ထားကြပြီးယနေ့အချိန်ထိတိုင် အနုပညာစန်းတွေမကျသွားသေးဘဲ ဆထက်ထမ်းပိုးအောင်မြင်နေကြဆဲဖြစ်ပါတယ်နော်။ပြေတီဦးနဲ့အူဝဲတို့မှာ သမီးတစ်ယောက်၊သားတစ်ယောက်လည်း ထွန်းကားထားတာဖြစ်လို့ ပျော်ရွှင်ချမ်းမြေ့စရာကောင်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။

ပြေတီဦးကလည်း မိသားစုအပေါ်မှာ နွေးထွေးကြင်နာမှုအပြည့်နဲ့ အမြဲပျော်ရွှင်အောင်ထားပေးတာကြောင့်အိမ်ထောင်ဦးစီးကောင်းတစ်ယောက်ပီသပါတယ်နော်။ပြေတီဦးနဲ့အူဝဲတို့က စိတ်တူကိုယ်တူနဲ့ အမြဲတမ်းတိုင်တိုင်ပင်ပင်ရှိကြလို့ ရှေ့သွားနောက်လိုက်ညီကြတဲ့စုံတွဲလေးဖြစ်ပါတယ်။လက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေမှာဆိုရင်လည်း အူဝဲတို့ဇနီးမောင်နှံနှစ်ယောက်က အများနည်းတူ အနာဂတ်အတွက်ရင်ဆိုင်နေကြပြီး ပြည်သူလူထုနဲ့တစ်စိတ်တစ်ဝမ်းတည်းရှိနေတာဖြစ်ပါတယ်နော်။

အူဝဲနဲ့ပြေတီဦးတို့ကလည်း ပြည်သူတွေနဲ့တစ်သားတည်းရှိတဲ့ အနုပညာရှင်တွေဖြစ်ကြတာကြောင့် နေ့တိုင်းလမ်းပေါ်ထွက်ပြီး တစ်တပ်တစ်အားပါဝင်လှုပ်ရှားနေကြတာဖြစ်ပါတယ်။ဒါ့အပြင် ဖေဖော်ဝါရီ(၁၄)ရက်နေ့ကလည်းအူဝဲတို့အနုပညာရှင်တစ်စုက ရုံး၊ဌာနတွေရဲ့ ဝန်ထမ်းအိမ်ရာကိုသွားပြီး ပြည်သူလူထုရဲ့အနာဂတ်တွေလှပဖို့အတွက် အနူးအညွတ်မေတ္တာရပ်ခံခဲ့ကြတာဖြစ်ပါတယ်။အူဝဲတို့အနုပညာရှင်တွေကတော့ ပြည်သူတွေရဲ့ရှေ့ကနေမားမားမတ်မတ်ရပ်တည်နေကြလို့ သူတို့ရဲ့ပုံရိပ်တွေကို ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Leave a Reply

Your email address will not be published. Required fields are marked *