Press "Enter" to skip to content

Eaindra Kyaw Zin Te Chungkhar Nih Ngakchia Cungah Dawtnak An Ngeih Mi Hi Uar An Um Kho Tuk (+Video)

ချစ်ပရိသတ်ကြီးရေ သရုပ်ဆောင် မင်းသားချော ပြေတီဦးနဲ့ မင်းသမီးချော အိန္ဒြာကျော်ဇင်တို့ ဇနီးမောင်နှံလေးက ကိုယ်တိုင်ကားမောင်းကာ တန်ဆောင်မုန်းလပြည့်ညမှာ အလှူပြုရတဲ့ ပံ့သကူအလှူလေးကို ပြုလုပ်နေတာပဲ ဖြစ်ပါတယ်။ သူတို့နှစ်ဦးက အနုပညာလောကမှာ လျှောက်လှမ်းနေကြတဲ့ ပြည်သူချစ် ဒိတ်ဒိတ်ကြဲ အနုပညာရှင်တွေဖြစ်ကြပြီး ပရိသတ်အခိုင်အမာနဲ့ ရပ်တည်နေကြသူတွေပါ။

သူတို့ပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားတွေကလည်း ပီပြင်​ကောင်းမွန်လွန်းတာကြောင့် ပရိသတ်အကြိုက်နဲ့ ထပ်တူကျတာကို တွေ့ရပါတယ်…။ ပရိသတ်ချစ်မေတ္တာကို အပြည့်အဝခံယူနေတဲ့ သူတို့နှစ်ယောက်က ယနေ့မှာဆိုရင်လည်း အရင်ကထက် အချစ်ပိုအောင် လုပ်လိုက်ပြန်ပါပြီ ။ ဒါကတော့ ပံ့သကူပစ်ဖို့အတွက် ကိုယ်တိုင်ကားမောင်းကာ ရန်ကုန်မြို့ရဲ့ လမ်းမထက်မှာ သွားရောက်အလှူပြုနေတဲ့ ကြည်နူးစရာဗီဒီယိုဖိုင်လေးကို တင်ပေးလာတာပဲ ဖြစ်ပါတယ်။

ပျော်စရာလဲကောင်းသလို ကုသိုလ်လဲရတာဖြစ်လို့ နှစ်ယောက်လုံးရဲ့ မျက်နှာတွေနဲ့ အပြုံးတွေဝေဖြာ​နေတာကိုလည်း တွေ့ရပါတယ်။ ကြည့်မိသူတိုင်း ပီတိဖြစ်စေလောက်တဲ့ ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ ဇနီးမောင်နှံရဲ့ အလှူပြု ဗီဒီယိုလေးကို ပရိသတ်တွေထံ ပြန်လည်ဝေမျှပေးလိုက်ပါတယ်။ ကဲ…ပရိသတ်တွေကလည်း အဆိုပါ ဗီဒီယိုလေးကို ကြည့်ပြီး အသည်းလေးတွေပေးခဲ့ဖို့ မမေ့လိုက်ပါနဲ့နော်…..။

Be First to Comment

Leave a Reply

Your email address will not be published. Required fields are marked *