Press "Enter" to skip to content

Germany Ram Museum Pakhat Ah Hlan Kawlram Thil An Chiah Ve Mi Pawl Hi vun Zoh ve Hnik..

ဂျာမနီ နိုင်ငံမှာ ရှိတဲ့ ပြတိုက် တစ်ခုမှာ မြန်မာ တို့ရဲ့ယဉ်ကျေးမှု နဲ့ စေတီ ပုထိုးဘုရား များကို တန်ဖိုးထား ဖော်ပြထားမှု

ဂျာမနီ နိုင်ငံမှာ ရှိတဲ့ ပြတိုက် တစ်ခုမှာ မြန်မာ တို့ရဲ့ယဉ်ကျေးမှု နဲ့ စေတီ ပုထိုးဘုရား များကို တန်ဖိုးထား ဖော်ပြထားမှု

ဂျာမနီနိုင်ငံမှာ ရှိတဲ့ပြတိုက် တစ်ခုတွင်မြန်မာတို့ရဲ့ယဉ်ကျေးမှုနဲ့စေတီပုထိုးများကို တန်ဖိုးထားဖော်ပြထား ပါတယ်။ထိုအ‌ ‌ကြောင်းကို ဆရာဦးသက်‌ ဆွေက ယခုကဲ့သို့ပြောကြား ထားပါတယ်။ ဒီနေ့ Munich ရောက်တော့ Museum Funf Kontinente မှာပြနေ တဲ့ Myanmar of Pagodas, Longyis and Nat Sprits ကိုသွားကြည့်ဖြစ်ခဲ့တယ်။

ခင်းကျင်းပြသထားတာ အတော်လေး အတုယူဖို့ကောင်းပါတယ်။ Textile ပက်သက်တဲ့ ပြခန်းမှာဆိုရင် ပြူတင်းပေါက်နား သွားလိုက်တာနဲ့ ယက္ကန်းခတ်သံ ကြားရအောင်လုပ်ပေး ထားတယ်။ ရုပ်သေးရုပ်ပြခန်းဆိုရင် ရုပ်သေးရုပ်ကတဲ့အခါ ရုပ်သေး ရုပ်ကလေးတွေ ရဲ့ခြေထောက်နဲ့ ကြမ်းပြင်ထိသံလေးတွေ ကြားရအောင် လုပ်ပေးထားတယ်။

ပြထားတဲ့ရုပ်သေးရုပ်တွေက တကယ့်ကို အဟောင်းတွေ ဖြစ်တဲ့အပြင် ရုပ်သေးရုပ် ၂၈ ရုပ်စလုံး စုံအောင်ပြထား နိူင်တာ အံဩစရာပါ။ ထူးခြားတဲ့ပန်းပုရုပ်ထု ၃ ခုကတော့ အံဩစရာပါ။ အရုပ်က ကြီးပြီးမှန် ခံနေတော့ ဖုန်းနဲ့ဓါတ်ပုံရိုက်ရ အဆင်မပြေလို ကင်မရာနဲ့ပိုင်းပြီးရိုက်ထားတာပါတယ် ကြုံမှပဲ post တင်ပေးပါ့မယ် ကျွန်တော့အထင်မမှားဘူးဆိုရင် ပုဂံခေါတ်နှောင်ပိုင်းလက်ရာတွေ ဖြစ်ဖို့များတယ်။

အံဩစရာကောင်းတာက German မိဘတွေက သူတို့ကလေး တွေခေါ်လာပြီး ကျွန်တော်တို့ ယဉ်ကျေးမှု့အကြောင်းကို သူတို့ကလေး တွေကို လေ့လာစေတာပါ။ ကျွန်တော်တို့ဆီက မိဘတွေက ကိုယ်တိုင် လည်း ကိုယ်ယဉ်ကျေးမှု့အကြောင်းမသိ၊ ကလေးတွေကိုလည်း လေ့လာဖို့ မသွန်သင်။ တခြားလူမျိူးတွေရဲ့ ယဉ်ကျေးမှုကို သိဖို့ဆိုတာ ဝေလာဝေးပါ။

အဲဒီတော့ generation by generation က နိုမ့်ကျနေအုံးမှာပါဟု‌ ပြောကြားထား ပါတယ်။ အဲ့ဒါကြောင့်လူကြီးမိဘများအနေနဲ့ ကိုယ့်သား သမီးတွေကို အသိညာဏ် ဗဟုသုတများများရအောင် လုပ်ပေးသင့်ကြောင်း တိုက်တွန်းအပ်ပါသည်။

Source: History of Myanmar

Be First to Comment

Leave a Reply

Your email address will not be published. Required fields are marked *