Press "Enter" to skip to content

India, Mizoram Ah A Zammi Palik Minung Pa 8 Cu Kawlram Kir ter Than Ding In Ca An Kuat Hna>>>>

အိန္ဒိယနိုင်ငံသို့ထွက်ပြေးတဲ့ ရဲ ၈ ယောက်ကို ပြန်ပို့ရန် ဖလမ်းခရိုင်ထွေအုပ်တောင်းဆို
===============
အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်သို့ထွက်ပြေးသွားတဲ့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင် ၈ ယောက်ကို ပြန်ပို့ဖို့ ဖလမ်းခရိုင်ထွေအုပ် အုပ်ချုပ်ရေးမှူး စောထွန်းဝင်းရဲ့ လက်မှတ်နဲ့ မတ်လ (၅)ရက်က ကျန်ဖိုင်ခရိုင် အုပ်ချုပ်ရေးမှူးထံစာထုတ်ထားပါတယ်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင် (၈)ယောက်ဟာ အိုက်ဇောလ်မြို့တွင် ၄ ဦး၊ ကျန်ဖိုင်မြို့တွင် ၄ ဦးခိုလုံကြပါတယ်။
မီဇိုရမ်ပြည်နယ်ရဲ့ အစည်ကားဆုံးသော ရိုးရာပွဲတော်ဖြစ်တဲ့ Chapchar Kut ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ပူးဇိုးရမ်ထန်းငါက မြန်မာနိုင်ငံမှခိုလှုံလာတဲ့သူတွေ စားဝတ်နေရေးအတွက် အစိုးရကစီစဉ်ထားမယ်ဖြစ်ကြောင်း၊ မိမိနိုင်ငံအခြေအနေမကောင်းမချင်း အစိုးရကူညီဆောင်ရွက်မယ်လို့ မနေ့ညက အိုက်ဇိုလ်မြို့တွင်ကျင်းပတဲ့ပွဲမှာ ပြည်သူတွေဆီပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံမှ ဝင်ရောက်ခိုလှုံတဲ့သူတွေကို မီဇိုရမ်ပြည်နယ်ရဲ့ အားအကောင်းဆုံး အရပ်ဖက်အဖွဲ့အစည်းဖြစ်တဲ့ Yong Mizo Association (YMA) နဲ့ခရိုင်အလိုက် အရပ်ဖက်အဖွဲ့အစည်းကလည်း နွေးထွေးစွာကြိုဆိုတဲ့အကြောင်း စာထုတ်ခဲ့ကြပါတယ်။

#zalen

Be First to Comment

Leave a Reply

Your email address will not be published. Required fields are marked *