Press "Enter" to skip to content

Kan Maw Tin Hi Cu A Thi Sen A Rak Sang Hrimhrim Ko (+Hmanthlak Tampi)

ဆယ်စုနှစ်ကျော်တိုင်အောင် ဂီတလောကမှာ အောင်မြင်မှုတွေ ရရှိအောင် ကြိုးစားလျှောက်လှမ်းနေသူကတော့ အဆိုတော် စစ်သွေးပဲ ဖြစ်ပါတယ်။ သူဟာ ပြန်ဆိုတေးတွေ သီဆိုရာမှာလည်း ပရိသတ်တွေရဲ့ လက်ခံအားပေးမှုတွေကို ရရှိခဲ့တာလည်း ဖြစ်ပါတယ်။ လူငယ်ကြိုက်တေးသီချင်းတွေကိုလည်း သီဆိုလေ့ရှိပြီး တေးစီးရီး Album တစ်ခွေ လည်း ထွက်ရှိဖူးတာလည်း ဖြစ်ပါတယ်။

သူဟာ ကိုယ့်ထက်အသက်ငယ်တဲ့ အနုပညာမောင်နှမတွေကိုလည်း ကိုယ့်သွေးသားအရင်းသဖွယ် ချစ်ခင်တာကြောင့်လည်း အားလုံးကလည်း ကိုစစ်သွေးကို ရိုသေလေးစားနေကြတာလည်း ဖြစ်ပါတယ်။ မနက်တိုင်းလည်း သင်ဇာဝင့်ကျော်တို့ သူငယ်ချင်းတွေနဲ့အတူ ပျော်ပျော်ပါးပါး လမ်းလျှောက်ရင်း လေ့ကျင့်ခန်းတွေ လုပ်လေ့ရှိတာလည်း ဖြစ်ပါတယ်။

ဒီနေ့ကတော့ သရုပ်ဆောင် မင်းသမီးချောလေး သင်ဇာဝင့်ကျော်ရဲ့ မွေးနေ့ရက်မြတ်လေးပဲ ဖြစ်ပါတယ်။ စစ်သွေးတို့ သူငယ်ချင်းတွေကလည်း ကိုဗစ်ကာလဖြစ်နေတာတောင် ခက်ခက်ခဲခဲနဲ့ သင်ဇာ့ရဲ့ အိမ်ကိုသွားရောက်ကာ Birthday Surprise လုပ်ခဲ့ကြတာပဲ ဖြစ်ပါတယ်။ မကြာသေးခင်နာရီပိုင်းလောက်ကလည်း စစ်သွေးရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ” Happy birthday ပါ ချစ်ညီမလေး… မနေ့ညက Surprise သွားလုပ်ကြတာ ပျော်စရာအမှတ်တရပါ… မွေးနေ့မှစပြီး ကျန်းမာ ချမ်းသာ လန်းဖြာ နိုင်ပါစေဗျာ Thin Zar WintKyaw ” ဆိုပြီး ရေးသားထားတာဖြစ်လို့ ပရိသတ်တွေအတွက် ဒီပုံလေးတွေကို တစ်ဆင့် ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Be First to Comment

Leave a Reply

Your email address will not be published. Required fields are marked *