Press "Enter" to skip to content

Kawl Nungak “Khay Sett Thwin” Le A Hawi Le Pa Pahnih Le Tiin An Laam Nak An Thiam Taktak (+Video)

မင်းသမီးချောလေး ခေးဆက်သွင်ကတော့ ဇာတ်လမ်းတွဲတွေနဲ့ လူသိများအောင်မြင်လာခဲ့သူလေးဖြစ်သလို ရုပ်ရှင်ဇာတ်ကားတွေလည်း ရိုက်ကူးခဲ့ရတာ ဖြစ်ပါတယ် ။ ခေးဆက်သွင်က “အမာညို၊ နှင်းဆီ” စတဲ့ ဇာတ်ကောင်လေးတွေနဲ့ ပရိသတ်တွေရဲ့တစ်ခဲနက် ချစ်ခင်အားပေးမှုကိုလည်း ရယူနိုင်ခဲ့တာ ဖြစ်ပါတယ် ။ ခေးဆက်သွင်ရဲ့သရုပ်ဆောင်စွမ်းရည်က ထူးခြားပြောင်မြောက်သလို ဇာတ်ရုပ်မျိုးစုံကို သဘာဝကျကျပုံဖော်နိုင်စွမ်းရှိတာလည်း ဖြစ်ပါတယ် ။

ခေးဆက်သွင်က သွယ်လျလှပတဲ့ အမိုက်စား Body လေးနဲ့အတူ ဆွဲဆောင်မှုရှိတဲ့အလှတရားတွေကို ပိုင်ဆိုင်ထားတာလည်း ဖြစ်ပါတယ် ။ လူငယ်ဆန်ဆန် လွတ်လပ်ပေါ့ပါးစွာနေထိုင်တတ်တဲ့ ခေးဆက်သွင်က အကကိုဝါသနာပါတာကြောင့် အားလပ်ချိန်လေးတွေမှာ Tik Tok အကဗီဒီယိုတွေကို သူငယ်ချင်းတွေနဲ့အတူ မကြာခဏရိုက်ကူးလေ့ရှိတာ ဖြစ်ပါတယ် ။ အခုလည်း ခေးဆက်သွင်က သူမရဲ့ Best Friend တွေဖြစ်တဲ့ ဘုန်းဆက်သွင်နဲ့စိုပြေမြင့်ကိုပါခေါ်ပြီး အားရပါးရကပြလိုက်တာပဲ ဖြစ်ပါတယ် ။

ခေးဆက်သွင်တို့သူငယ်ချင်းသုံးယောက်ကတော့ သီချင်းတီးလုံးအတိုင်း စည်းချက်ကျကျ အပီအပြင်လှုပ်ခါပြီး ဒွန့်ပြထားတာ ဖြစ်ပါတယ် ။ ဒီဗီဒီယိုလေးကို ခေးဆက်သွင်က “အားလုံးမျှော်နေကြတဲ့ Tik Tokလေး တင်ပေးလိုက်ပါပြီ လွတ်လပ်ပျော်ရွှင်ပေါ့ပါးကြပါစေနော် အကမျိုးစုံကို အားလုံးလန်းဆန်းသွားအောင် ကပေးတာမို့ အမြင်မတူရင် ရန်သူမဖြစ်ကြေးကွာ” ဆိုပြီး တင်ပေးထားတာ ဖြစ်ပါတယ် ။ ကဲ ခေးဆက်သွင်၊ ဘုန်းဆက်သွင်နဲ့ စိုပြေမြင့်တို့သူငယ်ချင်းသုံးယောက်ရဲ့ Tik Tok အကဗီဒီယိုလေးကို ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Be First to Comment

Leave a Reply

Your email address will not be published. Required fields are marked *