Press "Enter" to skip to content

Kawl Nungak Mi Thinlung A La Kho Taktak Mi G Vocal A Hmanthlak Tam Nawn He Zohdawh Bak

“The Voice Myanmar” သီချင်းဆိုပြိုင်ပွဲကြီးမှာ ဝင်ရောက်ယှဥ်ပြိုင်ရင်းကနေ လူသိများပြီး နာမည်ရလာခဲ့သူကတော့ တက်သစ်စအဆိုတော်မလေး G ပဲ ဖြစ်ပါတယ် ။ ရွှေနန်းတော်ရတနာဆိုင်ရဲ့သမီးချောလေးလည်းဖြစ်တဲ့ G က အဆိုတော်၊သရုပ်ဆောင် ထွန်းအိန္ဒြာဗိုလ်ရဲ့တူမချောလေးဆိုရင်လည်း မမှားပါဘူးနော် ။ တေးသံရှင် G ကတော့ အားလုံးရဲ့စိတ်ဝင်တစားအားပေးမှုကို ရရှိခဲ့ပြီးနောက်ပိုင်းမှာ သူမကိုချစ်ခင်တဲ့ပရိသတ်တွေကို ပိုင်ဆိုင်ခဲ့တာ ဖြစ်ပါတယ် ။

အဆိုတော် G က မာန်မာနကင်းပြီး စကားပြောပွင့်လင်းသူလေးဖြစ်တာကြောင့် ပရိသတ်တွေက ပိုချစ်နေရတာ ဖြစ်ပါတယ် ။ လတ်တလောမှာဆိုရင် G က လူနာတင်ကားကိုကိုယ်တိုင်မောင်းနှင်ပြီး ပရဟိတလုပ်ငန်းတွေမှာ ပါဝင်ကုသိုလ်ယူနေတာ ဖြစ်ပါတယ်။ သီချင်းဆိုကောင်းသလို ရုပ်ရည်လေးကလည်း ချောမောလှပတဲ့ G က သူမတို့ဆိုင်အတွက် Model အဖြစ်လည်း Photo Shooting လေးတွေ ရိုက်ကူးပေးနေရတာ ဖြစ်ပါတယ် ။

အခုလည်း G က ဆွဲဆောင်မှုရှိရှိလှနေတဲ့ ဖက်ရှင်လေးကို ဝတ်ဆင်ပြီး အမိုက်စား Shooting လေးတစ်ခုကို ရိုက်ကူးနေတာ ဖြစ်ပါတယ် ။ G က သူမရဲ့လှုပ်ရှားမှုလေးတွေကို ပရိသတ်တွေအတွက် Facebook ကတစ်ဆင့် Live လွှင့်ပေးခဲ့တာဖြစ်ပါတယ်။ G က ပိန်သွယ်လှပတဲ့ခန္ဓာကိုယ်ပိုင်ရှင်လေးဖြစ်တာကြောင့် ဝတ်စုံလေးနဲ့အရမ်းလိုက်ဖက်ပြီး ထိမိနေတာ ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် အဆိုတော်မလေး G ရဲ့ Live ဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။


Be First to Comment

Leave a Reply

Your email address will not be published. Required fields are marked *