Press "Enter" to skip to content

Kawl Nungak Muidawh Minung 4 Uar An Mak Kho Taktak (+Hmanthlak Tampi)

ပရိသတ်ကြီးရေ သရုပ်ဆောင်ဝါဆိုမိုးဦးကတော့ အသက်ငယ်ငယ်လေးပဲရှိသေးပေမယ့် အနုပညာလောကမှာ နေရာတစ်နေရာရရှိနေပြီဖြစ်ပါတယ်။ဝါဆိုမိုးဦးရဲ့ချစ်သူဖြိုးလေးကလည်း အဆိုတော်တစ်ယောက်ဖြစ်လို့ ချစ်သူနှစ်ယောက်လုံးက အပြန်အလှန်နားလည်မှုရှိကြပါတယ်နော်။ဝါဆိုကလည်း ပြီးပြည့်စုံတဲ့အလှအပတွေကိုပိုင်ဆိုင်ထားလို့ ပုရိသတွေကြားမှာရေပန်းစားတဲ့ မင်းသမီးချောလေးဖြစ်ပါတယ်။

ဝါဆိုမိုးဦးမှာ သူမလိုပဲ အရမ်းလှကြတဲ့ ညီမလေးတွေလည်းရှိပါတယ်နော်။ဝါဆိုရဲ့ညီမတွေထဲကမှ သဉ္ဇာကတော့ ကြော်ငြာလေးတွေလည်းရိုက်ကူးပြီး ဇာတ်ကားတွေမှာလည်း ပါဝင်သရုပ်ဆောင်နေပြီဖြစ်ပါတယ်။ဝါဆိုတို့ညီအစ်မတွေအကုန်လုံးက ရုပ်ချင်လေးတွေဆင်တူကြပြီး အလှကိုယ်စီနဲ့ တစ်ယောက်တစ်မျိုးစီအရမ်းလှကြလို့ ပရိသတ်တွေက ညီအစ်မအကုန်လုံးကို ချစ်နေရတာဖြစ်ပါတယ်နော်။

ဝါဆိုမိုးဦးကတော့ သူမရဲ့ညီမတွေနဲ့လည်း မကြာခဏ Tik Tok ကစားလေ့ရှိပြီး ညီအစ်မတွေက စည်းစည်းလုံးလုံး၊ချစ်ချစ်ခင်ခင်လည်းရှိကြပါတယ်နော်။အခုဆိုရင်လည်း ဝါဆိုရဲ့ညီမလေးတွေက သူမကသလိုမျိုး နောက်ကနေ တစ်ထေရာတည်းတူအောင်လိုက်ကပြီးတက်ညီလက်ညီနဲ့ Tik Tok ကစားနေကြတဲ့ ဗီဒီယိုဖိုင်လေးကို ဝါဆိုမိုးဦးက ချစ်ပရိသတ်ကြီးအတွက် မျှဝေလာခဲ့တာဖြစ်ပါတယ်။

Be First to Comment

Leave a Reply

Your email address will not be published. Required fields are marked *