သရုပ်ဆောင် ဆောင်းယွန်းစံကတော့ ဂါဝန်အတိုလေးနဲ့ အသည်းယားစရာကောင်းလောက်အောင် ကပြလိုက်ပြီပဲ ဖြစ်ပါတယ်။ ဆောင်းယွန်းက အနုပညာလောကမှာ ပရိသတ်အခိုင်အမာနဲ့ ရပ်တည်လျှောက်လှမ်းနေသူပါ။ သူမဟာဆိုရင် စိတ်သဘောထားပြည့်ဝပြီး လူအများအပေါ် ရင်းနှီးဖော်ရွေစွာ ဆက်ဆံတတ်တာကြောင့် ပရိသတ်အချစ်ကို များစွာရရှိထားတဲ့သူလည်း ဖြစ်ပါတယ်။
ဆောင်းယွန်းက အကယ်ဒမီ ရွှေကြိုမယ်အဖြစ် လူသိများအောင်မြင်ခဲ့ပြီး ဗီဒီယိုဇာတ်ကားတွေနဲ့ သီချင်း MTV တွေများစွာမှာလည်း ပါဝင်သရုပ်ဆောင်လေ့ရှိတာကို တွေ့ရပါတယ်။ ယခုလို ကပ်ရောဂါတိုက်ဖျက်ရေး ကာလမှာတော့ ဆောင်းယွန်းက အနုပညာလှုပ်ရှားမှုတွေ နည်းပါးနေတာဖြစ်ပြီး မိသားစုနဲ့အတူ ပြည်တွင်းခရီးစဥ်တွေကို သွားရောက်လည်ပတ်နေတာပါ။
သူမ အားလပ်တဲ့ အချိန်လေးတွေမှာတော့ ပရိသတ်တွေ အလွမ်းပြေ ကြည့်ရှုစေဖို့အတွက် ဗီဒီယိုလေးတွေနဲ့ ပုံရိပ်အလန်းလေးတွေကို လူမှုကွန်ယက်ထက်မှာ ဝေမျှလေ့ရှိတာလည်း ဖြစ်ပါတယ်။ ယနေ့မှာလည်း ဆောင်းယွန်းက ကြိုးတစ်လုံး ဂါဝန်တိုလေးနဲ့ အသည်းယားစရာကောင်းနေပြီး ဟန်ချက်ညီညီ ကပြထားတဲ့ ဗီဒီယိုလေးတွေကို Tiktok account မှာ တင်ပေးလာတာဖြစ်လို့ ချစ်ရတဲ့ ပရိသတ်တွေ ကြည့်ရှုစေဖို့အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်…..။
Be First to Comment