Press "Enter" to skip to content

Kawl Nungak No Tete Pawl Hi An Cian In Zoh Awk An Tam Ko Hih (+Hmanthlak)

အနုပညာအလုပ်တွေကို နှစ်နဲ့ချီကြာအောင် စွဲစွဲမြဲမြဲလုပ်ကိုင်ခဲ့တဲ့ အနုပညာရှင်တွေထဲမှာတော့ သရုပ်ဆောင် လမင်းကဗျာကလည်း တစ်ယောက်အပါအဝင်ပဲ ဖြစ်ပါတယ်နော်။ လမင်းကဗျာက အောင်မြင်တဲ့ဇာတ်ပို့သရုပ်ဆောင်တစ်ဦးပီပီ ဗီဒီယိုဇာတ်ကားတွေမှာရော ရုပ်ရှင်ဇာတ်ကားကြီးတွေမှာပါ ပါဝင်သရုပ်ဆောင်ခဲ့ရတာ ဖြစ်ပါတယ် ။ လက်ရှိမှာတော့ လမင်းကဗျာက ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းကို အာရုံစိုက်ပြီး လုပ်ကိုင်နေတာကြောင့် သူမရဲ့ဘဝလေးက အဆင်ပြေပြေလည်ပတ်နေတာ ဖြစ်ပါတယ် ။

အလုပ်ကြိုးစားတဲ့ လမင်းကဗျာက ကိုယ်ပိုင်အိမ်လေးတစ်လုံးကို ဝယ်ယူပြီး သူမစိတ်တိုင်းကျ ဆောက်လုပ်နိုင်ခဲ့ပြီလည်း ဖြစ်ပါတယ် ။ လမင်းကဗျာက အနုပညာအလုပ်တွေနဲ့ အနည်းငယ်ဝေးကွာနေပေမယ့်လည်း ပရိသတ်တွေအတွက် သူမရဲ့လှုပ်ရှားမှုပုံရိပ်တွေနဲ့ ဗီဒီယိုလေးတွေကို မျှဝေပေးနေတာ ဖြစ်ပါတယ် ။ အခုလည်း Tik Tok ကစားရတာကို ဝါသနာပါတဲ့ လမင်းကဗျာက သူများတွေနဲ့မတူအောင် အမိုက်စားဆော့ပြလိုက်တာပဲ ဖြစ်ပါတယ် ။

လမင်းကဗျာက အခုရက်ပိုင်းမှာ ခေတ်စားနေတဲ့ Challenge လေးကို ခပ်မိုက်မိုက်ပုံစံလေးနဲ့ ရိုက်ပြလိုက်တာ ဖြစ်ပါတယ် ။ အိမ်နေရင်းပုံစံကနေ အလန်းစားပုံစံဖြစ်အောင် ပြောင်းလဲပြလိုက်တဲ့ လမင်းကဗျာက ကင်မရာအရှေ့မှာ အနီးကပ်ထိုင်ချလိုက်ပြီးနောက် သူမရဲ့ကိုယ်လုံးလေးကိုလှုပ်ကာ ကပြထားတာပဲ ဖြစ်ပါတယ် ။ ကဲ ဆွဲဆောင်မှုရှိတဲ့အလှတရားတွေ ပေါ်လွင်နေတဲ့ လမင်းကဗျာရဲ့Tik Tok ဗီဒီယိုလေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Be First to Comment

Leave a Reply

Your email address will not be published. Required fields are marked *