Press "Enter" to skip to content

Kawl Ram Chung Bak Ah, 1,200 Km Tiang Lihnih Ruang Ah Lam A Kak Dih

မြန်မာနိုင်ငံအတွင်းကီလိုမီတာ၁,၂၀၀ခန့်ဖြတ်သွားတဲ့ထိုးစိုက်ဇုန်မကြာခဏလှုပ်ရှားနေသည်ဟုဘူမိဗေဒပညာရှင်အချို့သတိပေး

းစိုက်ဇုန်မကြာခဏလှုပ်ရှားနေသည်ဟုဘူမိဗေဒပညာရှင်အချို့သတိပေးမြန်မာနိုင်ငံအတွင်းကီလိုမီတာ၁,၂၀၀ခန့်ဖြတ်သွားသည့်ထိုးစိုက်ဇုန်သည်မကြာခဏလှုပ်ရှားမှုရှိနေသည်ဟုဘူမိဗေဒပညာရှင်အချို့ကသတိပေးသည်။

ဒီဇင်ဘာ၈ရက်မှ၁၂ရက်အတွင်းမြန်မာနိုင်ငံအတွင်းငလျင်လေးကြိမ်လှုပ်ရှားခဲ့ရာအားလုံးသည်မြန်မာကျောက်ထုချပ်နှင့်အိန္ဒိယကျောက်ထုချပ်ထိစပ်ရာမှဖြစ်‌ပေါ်‌နေ‌သောထိုးစိုက်ဇုန်လှုပ်ရှားခြင်းဖြစ်ကြောင်း

ဘူမိဗေဒပညာရှင်များကမှတ်ချက်ပြုသည်။‘‘ဒီနောက်ပိုင်းလှုပ်ရှားနေတာတွေကထိုးစိုက်ဇုန်ဖြစ်နေတယ်။မြန်မာနိုင်ငံမှာဆိုရင်၂၀၁၆ကအင်အားပြင်းလှုပ်ရှားခဲ့ဖူးတယ်’’ဟုဘူမိဗေဒပညာရှင်ဒေါ်လှလှအောင်ကပြောကြားသည်။

ဒီဇင်ဘာ၈ရက်ကမကွေးတိုင်းဒေသကြီးဂန့်ဂေါမြို့တွင်ရစ်ချ်တာစကေး၅ဒသမ၄အဆင့်ငလျင်လှုပ်ခတ်ပြီးနောက်တနိုင်း၊မင်းကင်း၊ရေဦးမြို့တို့တွင်ရစ်ချ်တာစကေး၃မှ၄အဆင့်ကြားငလျင်တစ်ကြိမ်စီလှုပ်ခတ်ခဲ့သည်။

ထို့အပြင်ဒီဇင်ဘာ၁၁ရက်ကဘင်္ဂလားပင်လယ်အော်အတွင်းလှုပ်ခတ်ခဲ့သောရစ်ချ်တာစကေး၄ဒသမ၇အဆင့်ငလျင်သည်လည်းထိုးစိုက်ဇုန်လှုပ်ရှားခြင်းဖြစ်ကြောင်းဘူမိဗေဒပညာရှင်ဒေါက်တာကျော်ကျော်ထွန်းကပြောသည်။

SubductionZoneဟုလည်းခေါ်ဆိုသောထိုးစိုက်ဇုန်သည်မြန်မာ၊အိန္ဒိယနှင့်အင်ဒိုနီးရှားအပြင်အာရှဒေသတွင်းနိုင်ငံအချို့နှင့်ထိစပ်နေပြီးမိုင်ပေါင်းရှစ်ထောင်ကျော်ရှည်လျားသည်။

အင်ဒိုနီးရှားနိုင်ငံဆူမတြားကျွန်းတွင်ဗဟိုပြု၍၂၀၀၄ခုနှစ်ကရစ်ချ်တာစကေး၉အဆင့်ဖြင့်လှုပ်ခဲ့ရာဆူနာမီဖြစ်ခဲ့ပြီးလူနှစ်သိန်း

ကျော်သေဆုံးခဲ့သည်။မြန်မာနိုင်ငံတွင်၂၀၁၆ဩဂုတ်လကမကွေးတိုင်းဒေသကြီးချောက်မြို့အနောက်ဘက်၁၂မိုင်ခန့်အကွာကိုဗဟိုပြု၍ပြင်းအားရစ်ချ်တာစကေး၆ဒသမ၈အဆင့်ဖြင့်လှုပ်ခတ်ခဲ့သည့်ငလျင်သည်ထိုးစိုက်ဇုန်လှုပ်ရှားခြင်းဟုဘူမိဗေဒပညာရှင်များကပြောသည်။

အဆိုပါငလျင်ကြောင့်လူသုံးဦးသေဆုံးပြီးပုဂံရှေးဟောင်းစေတီပုထိုး၄၀၀ကျော်အပါအဝင်နိုင်ငံတစ်ဝန်းရှိစေတီပုထိုးနှင့်အဆောက်အအုံများထိခိုက်ပျက်စီးခဲ့သည်။

Credit..Aung lay

Be First to Comment

Leave a Reply

Your email address will not be published. Required fields are marked *