Press "Enter" to skip to content

Khah Minta MinMyat Le A Hawi Le An Tonghcianhnak Video le Hmanthlak Bih Ve

ပရိသတ်ကြီးရေ……ပီပြင်ပြီးသဘာ၀ကျတဲ့သရုပ်ဆောင်ချက်တွေအပြင် ပျော်ပျော်နေတတ်တဲ့ ပုံစံလေးတွေကြောင့် ပရိသတ်တွေသည်းသည်းလှုပ်ချစ်နေရတဲ့ အနုပညာရှင်တွေဖြစ်တဲ့ မြင့်မြတ်၊ Kညီ နဲ့ ခေးဆက်သွင်တို့ကိုသိကြမယ်ထင်ပါတယ်နော်။ အောင်မြင်မှုတွေ အသီးသီးရရှိပိုင်ဆိုင်ထားကြတဲ့ သူတို့သုံးယောက်လုံးဟာဆိုရင် အနုပညာအလုပ်တွေကိုလည်း ကြိုးစားလုပ်ကိုင်နေကြတာဖြစ်ပြီး အခုအခါမှာ ကြော်ငြာအတူတူရိုက်ကူးနေကြတာလည်း ဖြစ်ပါတယ်။

Photo credit-Khay Sett Thwin’s Facebook page
Photo credit-Khay Sett Thwin’s Facebook page

မြင့်မြတ်၊ Kညီနဲ့ ခေးဆက်သွင်တို့သုံးယောက်လုံးဟာ ပျော်ပျော်နေတတ်ကြတဲ့သူတွေဖြစ်တဲ့အပြင် ဝါရင့်သရုပ်ဆောင်နှစ်ယောက်ဖြစ်တဲ့ မြင့်မြတ်နဲ့ Kညီတို့ကလည်း ခေးဆက်သွင်ကိုလက်တွဲခေါ်ယူကာ အတွဲညီညီနဲ့ ကြော်ငြာရိုက်ကူးနေကြတာလည်း တွေ့ရပါတယ်နော်။ အခုဆိုရင်လည်း သူတို့သုံးယောက်လုံးဟာ ‌ရှုတင်ခနနားတုန်းအချိန်လေးကို အခွီတွေလုပ်ကြကာ Tik tokဆော့နေကြတာလည်းဖြစ်ပါတယ်။

Photo credit-Khay Sett Thwin’s Facebook page
Photo credit-Khay Sett Thwin’s Facebook page

အတွဲညီညီနဲ့ အခွီတွေလုပ်နေကြတဲ့ Tik tokဗီဒီယိုလေးကို ခေးဆက်သွင်ဟာ သူမရဲ့ Facebookစာမျက်နှာမှာ “VeVe ကြော်ငြာလေးရိုက်ရင်းမောင်နှမတွေ အကတစ်လိုင်း” ဆိုတဲ့ captionလေးနဲ့အတူ တင်ပေးလာခဲ့ပါတယ်။ ပရိသတ်ကြီးလည်း ခေးဆက်သွင်တို့ရဲ့ Tik tokလေးကြည့်ပြီး ပျော်ရွှင်ကြမယ်ထင်ပါတယ်။ ကဲ…..ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo credit-Khay Sett Thwin’s Facebook page
Photo credit-Khay Sett Thwin’s Facebook page