ပရိသတ်ကြီးရေ Single Mother ဘဝနဲ့ သမီးလေးကို ပြုစုစောင့်ရှောက်နေသူကတော့ မော်ဒယ်လ် လုလုအောင်ပဲ ဖြစ်ပါတယ်။ သူမဟာ အနုပညာမျိုးရိုးကနေ ဆင်းသက်လာသူမဟုတ်ဘဲ ကိုယ့်ဒူးကိုယ်ချွန်ကာ အနုပညာလောကမှာ လျှောက်လှမ်းနေသူ တစ်ဦးပဲ ဖြစ်ပါတယ်။ ပုရိသတွေကလည်း သူမရဲ့ ကောက်ကြောင်း အလှတွေကို ကြွေပြီးရင်း ကြွေနေရတာပါ။
ပရိသတ်တွေက သူမကို ခေးလုလို့ ချစ်စနိုးနဲ့ ခေါ်ဆိုကြတာပဲ ဖြစ်ပြီး လတ်တလောမှာတော့ လုတစ်ယောက် Covid ရောဂါတွေကြောင့် ကြော်ငြာလေးတွေကို ရပ်နားထားရတာပဲ ဖြစ်ပါတယ်။ သူမရဲ့ ခန္ဓာကိုယ် အလှတရားတွေ ပေါ်လွင်စေတဲ့ ပုံရိပ်လေးတွေကိုလည်း လူမှုကွန်ယက်စာမျက်နှာမှ တစ်ဆင့် ပရိသတ်တွေကို အမြဲဝေမျှပေးနေတာလည်း ဖြစ်ပါတယ်။
ယနေ့မှာလည်း လုလုအောင် လူမှုကွန်ယက်ထက်မှာ ” နိုင်ငံတော်ကလျှောက်လည်ခွင့်မပေးမချင်း အိမ်ထဲမှာဘဲနေမယ် ” ဆိုတဲ့ စာသားလေးအပြင် အိမ်နေရင်း ဖက်ရှင်လေးနဲ့ လှရက်လွန်းတဲ့ ပုံလေးတွေကို တင်ပေးလာတာကြောင့် ချစ်ပရိသတ်တွေ ကြည့်ရှု အချစ်ပိုစေရန်အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ် ။ ကဲ…ပရိသတ်တွေကလည်း ပုံလေးတွေကို ကြည့်ပြီး အသည်းလေးတွေပေးခဲ့ဖို့ မမေ့လိုက်ပါနဲ့နော်….။
Be First to Comment