Press "Enter" to skip to content

Nihin Chun Ah Fak Tuk In Hliamnak An Tong Than (+Video)

လူမစုရအမိန့် ထုတ်ပြန်ခဲ့ပေမယ့် တစ်နိုင်ငံလုံးမှာ ဆန္ဒပြမှုတွေ အရှိန်မလျော့ခဲ့
~~~~~
စောဖိုးခွား (ဝါရှင်တန်ဒီစီ) ■ လူ ငါးဦးထက်ပိုပြီး လမ်းမကြီး၊ လမ်းသွယ်၊ လမ်းကြားတွေမှာ မစုဝေးဖို့နဲ့ ည ၈ နာရီကနေ မနက် ၄ နာရီအထိ ညမထွက်ရအမိန့်ကို အာဏာသိမ်းစစ်အစိုးရက ထုတ်ပြန်လိုက်ပြီးနောက် ဒီနေ့ လူထုဆန္ဒပြပွဲတွေကို ရဲ လုံခြုံရေးဘက်က တားဆီးတာ၊ လူစုခွဲဖို့ ရေဖျန်းကားတွေနဲ့ ဖျန်းတာ၊ နေပြည်တော်မှာဆိုရင် ရာဘာကျည်နဲ့ ပစ်ဖောက် လူစုခွဲတာတွေရှိခဲ့ပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေအပြင် စစ်တပ်ဘက်ကလည်း လက်နက်တွေနဲ့ အသင့်နေရာယူထားကြတာရှိပါတယ်။ လူဦးရေ သိန်းချီဆန္ဒပြတဲ့ မန္တလေးမြို့မှာဆိုရင် ညနေပိုင်းအထိ ဆန္ဒပြလို့ ဖမ်းဆီးခံရသူ အယောက် ၃၀ ရှိခဲ့ပါတယ်။ မန္တလေး ၇၃ လမ်း၊ ၃၈ လမ်းထောင့်မှာ ပြည်သူတွေကို လုံခြုံရေး ရဲတပ်ဖွဲ့က ရေကားနဲ့ ဖြန်းတာကြောင့် ပြည်သူတွေနဲ့ ရဲတပ်ဖွဲ့ ပဋိပက္ခ ဖြစ်ခဲ့ပါတယ်။ ရန်ကုန်မှာလည်း လူဦးရေ သိန်းနဲ့ချီ ဆန္ဒပြပွဲတွေ ဆက်ရှိနေပါတယ်။ ဆန္ဒပြသူဦးရေ အများအပြား စုဝေးကြတဲ့ လှည်းတန်းလမ်းဆုံက ဆန္ဒပြပွဲမှာ တက္ကသိုလ်ရိပ်သာလမ်းမှာ ရဲတပ်ဖွဲ့က စည်းတားထားပြီး တားထားတဲ့ စည်းကို ရဲတပ်ဖွဲ့ဘက်က ရှေ့ကို တိုးတိုးပြီးနေရာချလို့ ဆန္ဒပြသူတွေက နောက်ကို ဆုတ်ဆုတ်ပြီး နေရာ ရွှေ့လာတာ ညနေပိုင်းမှာ ပြည်လမ်းဝကို ရောက်လာပါတယ်။

ညနေ ၄ နာရီမှာ လှည်းတန်းဆန္ဒပြပွဲက လူစုခွဲခဲ့ပါတယ်။ အဓ္ဓမကို နိုင်တဲ့အထိ ဆန္ဒထုတ်ဖော်သွားမယ်လို့ ရန်ကုန်မြို့ တာမွေအဝိုင်းအနီး ဆန္ဒထုတ်ဖော်ရာမှာ ပါဝင်ခဲ့သူ အမျိုးသမီးတစ်ဦးက ပြောပါတယ်။ ရှေ့ဆက်မယ့်အနာဂတ်အတွက် ရှေ့ထွက်တာလို့ ရန်ကုန်မြို့ ဆူးလေက ဆန္ဒထုတ်ဖော်ပွဲမှာ ပါဝင်ခဲ့တဲ့ လူငယ်အမျိုးသမီးတစ်ဦးက ပြောပါတယ်။ ညမထွက်ရအမိန့် ၁၄၄ ကို အာဏာသိမ်းစစ်တပ်က ထုတ်ပြန်လိုက်ပေမယ့် ဒီကနေ့ ရန်ကုန်မြို့လယ် ဆူးလေဘုရားအနီးမှာ ဆန္ဒပြသူတွေ သိန်းချီ ဆက်လက်ဆန္ဒပြနေကြဆဲပါ။
မြို့တော်ခန်းမ အနီးပတ်ဝန်ကျင်နဲ့ ဆူးလေဘုရားလမ်း၊ အနော်ရထာလမ်း၊ မဟာဗန္ဓုလလမ်းတွေကနေ တစ်ဖွဲ့ဝင် တစ်ဖွဲ့ထွက် ပုံစံနဲ့ ဆန္ဒပြနေကြတာဖြစ်ပြီး အရင်နေ့တွေကလို တစ်နေရာထဲမှာ စုဝေးဆန္ဒမပြတွေ မရှိတော့ပါဘူး။ ဒါ့ကြောင့် ဆူးလေးနဲ့ မြို့တော်ခန်းမရှေ့မှာ လုံခြုံရေး ရဲကားတွေ၊ ရေဖျန်းကားတွေနဲ့ လုံခြုံရေး ရဲတပ်ဖွဲ့ဝင် တွေ အင်အားတိုးချထားတာတွေ့ရပေမယ့် ညနေ ၄ နာရီအထိ ဆန္ဒပြသူတွေနဲ့ ထပ်တိုက်တွေ့ဆုံမှုတော့ မရှိသေးပါဘူး။ ဒီနေ့ ရန်ကုန်မြို့ ဆူးလေတစ်ဝိုက်က ဆန္ဒပြပွဲမှာ စည်ပင်ဝန်ထမ်းတွေ၊ ကျန်းမာရေးဝန်ထမ်းတွေ၊ လျှပ်စစ်ဝန်ထမ်းတွေလည်း ပါဝင်ခဲ့ပါတယ်။

ရန်ကုန်မြို့က ဆန္ဒပြပွဲမှာပါဝင်တဲ့ အမြင်အာရုံ မသန်စွမ်းသူတစ်ဦးက နိုင်ငံသားတစ်ဦးဖြစ်တာကြောင့် ဆန္ဒထုတ်ဖော်ပွဲမှာ ပါဝင်ရတာလို့ ပြောပါတယ်။ ပဲခူးမြို့ ရွှေမော်ဓောဘုရားလမ်းမကြီး ဗိုလ်ချုပ်ကျေးရုပ်ရှေ့က ဒီနေ့ ဆန္ဒပြပွဲမှာရှိနေတဲ့ တိုင်းဒေသကြီးလွှတ်တော် အမတ် ဦးညွန့်ရွှေအပါဝင် လူငယ် ငါးယောက်ကို ရဲတပ်ဖွဲ့က ဒီနေ့မနက် ၉ နာရီလောက်မှာ ဖမ်းဆီးသွားပါတယ်။ ဗိုလ်ချုပ်ကြေးရုပ်နားမှာ ပိတ်ထားတဲ့ ရဲတပ်ဖွဲ့ကို လမ်းဖွင့်ပေးဖို့ ဆန္ဒပြသူတချို့က ညှိနှိုင်းပြီးတဲ့နောက်မှာ ဖမ်းလိုက်တာလို့ ဒေသခံတစ်ယောက်က ပြောပါတယ်။ အခုချိန်ထိ ဘယ်ရဲစခန်းမှာ ဖမ်းဆီးခံထားရတယ်ဆိုတာ မသိရသေးဘဲ ရှေ့နေကနေတဆင့် အဆက်အသွယ်ရဖို့ စီစဉ်နေတယ်လို့လည်း ပြောပါတယ်။ ရဲတပ်ဖွဲ့က သူတို့ကိုဖမ်းပြီးနောက် ဆန္ဒပြလူအုပ်ထဲကို ရေနဲ့ဖျန်းပြီး လူစုခွဲတာတွေလည်း လုပ်ခဲ့ပါတယ်။
စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ပဲခူးမြို့က ဒီနေ့ ဆန္ဒပြပွဲမှာ အခြေခံပညာ ကျောင်းဆရာ ဆရာမတွေ၊ မီးရထားဝန်ထမ်းတွေ၊ ကျောင်းသားတွေနဲ့ ပြည်သူတွေ ပါဝင်ခဲ့ကြပါတယ်။ ဧရာဝတီတိုင်းမှာလည်း ပုသိမ်၊ ကန်ကြီးတောင်၊ မအူပင် အစရှိတဲ့ မြို့နယ်တွေမှာ ဆန္ဒပြပွဲတွေရှိခဲ့ပြီး လူဦးရေ သိန်းချီရှိခဲ့ပါတယ်။

ပုသိမ်မြို့က ဆန္ဒပြပွဲမှာပါဝင်ခဲ့တဲ့ ကျောင်းဆရာမတစ်ဦးက သူတို့တာဝန်ထမ်းဆောင်ခဲ့တဲ့ ရွေးကောက်ပွဲကို မသမာဘူးလို့ စွပ်စွဲပြောဆိုတာကို မခံနိုင်ကြောင်း ရင်ဖွင့်ပါတယ်။ မွန်ပြည်နယ်၊ ရေး၊ မော်လမြိုင်၊ မြို့နယ်တွေမှာလလည်း လူမစုဖို့နဲ့ ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ထုတ်ထား ပေမယ့် စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်မှောက် ဆန္ဒပြမူတွေ ဆက်ရှိနေပါတယ်။ ရေးမြို့ပေါ်က ဆန္ဒပြသူတွေထဲမှာ ဒီနေ့ဆိုရင် ဆရာမတွေ ပါဝင်လာကြပြီး ဆန္ဒပြစစ်ကြောင်းဟာ အင်အား သုံးသောင်းကျော်ထိ ဖြစ်ခဲ့ပါတယ်။
စစ်အစိုးရအနေနဲ့ ကိုယ့်နေရာကိုယ်ပြန်နေပြီး ပြည်သူတွေပြောတဲ့ စကားကို နားထောင်ပေးဖို့လိုလားတယ်လို့ ရေးမြို့နယ်က ဆန္ဒပြပွဲမှာ ပါဝင်တဲ့ လူငယ်အမျိုးသားတစ်ဦးက ပြောပါတယ်။ စစ်အာဏာသိမ်းအစိုးရက ရန်ကုန်၊ နေပြည်တော်၊ မန္တလေး၊ မကွေး၊ စစ်ကိုင်း၊ ကချင်၊ ကယား၊ မွန်၊ ရှမ်း၊ ကရင် စတဲ့ တိုင်းနဲ့ ပြည်နယ်တွေက မြို့နယ်အတော်များများမှာ လူ ငါးဦးထပ်ပိုမစုဖို့နဲ့ ညမထွက်ရ အမိန့် ထုတ်ပြန်ထားတာဖြစ်ပြီး အဲဒီမြို့နယ်တွေမှာ ဆန္ဒပြပွဲတွေ ဒီနေ့ရှိခဲ့တာပါ။
စစ်တပ်က အာဏာသိမ်းပြီးနောက် လူတွေ လမ်းပေါ် ထွက် ဆန္ဒပြနေကြတာ ဒီနေ့နဲ့ဆိုရင် ၄ ရက်မြောက်နေ့ ရှိနေပါပြီ။

စစ်အာဏာသိမ်းအစိုးရဘက်က အများပြည်သူ လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးကို ထိခိုက်နိုင်တဲ့ အပြုအမူ တွေကို ဆောင်ရွက်နေတာတွေရှိနေပြီး ဒါတွေဟာ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာ အေးချမ်းသာယာရေးထိခိုက်ပြီး ရုန်းရင်းဆန်ခတ်ဖြစ်စေနိုင်လို့ စုဝေးဟောပြောခြင်း၊ ယာဉ်နဲ့ လူကိုယ်တိုင် စီတန်းလှည့်လည် ဆန္ဒပြခြင်းတွေကို မပြုလုပ်ဖို့နဲ့ ပြုလုပ်မယ်ဆိုရင် အရေးယူမယ်လို့ ဖေဖော်ဝါရီလ ၉ ရက် နေ့က ကြေညာခဲ့တာပါ။ ဆန္ဒပြသူတွေကတော့ အဲဒီတားမြစ်ချက်ကို လိုက်နာဖို့ မရှိဘူးလို့ တုံ့ပြန်ခဲ့ပြီး ဆက်ပြီး ဆန္ဒဖော်ထုတ်ခဲ့ကြပြီး မန္တလေးနဲ့ နေပြည်တော်မှာ ပဋိပက္ခတချို့ ရှိခဲ့ပါတယ်။ ဆန္ဒပြပြည်သူတွေအပေါ် မတရားအင်အားသုံးဖို့ အမိန့်ပေးဆောင်ရွက်သူအားလုံးကို လူသားမျိုးနွယ်အပေါ် ချိုးဖောက်မှုတွေအဖြစ် အရေးယူနိုင်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ သောမတ် အင်ဒရူးက သတိပေးလိုက်ပါတယ်။ “မြန်မာပြည်တွင် ငြိမ်းချမ်းစွာ ဆန္ဒပြပြည်သူများအား ဥပဒေနှင့်မညီသော မတရားအင်အားသုံးရန် အမိန့် ပေးခြင်းများကို လိုက်နာခြင်းမပြုရန် လုံခြုံရေးအဖွဲ့ဝင် များတွင် တာဝန်ရှိသည်။ အမိန့်ပေး၊ ဆောင်ရွက်သူ စဆုံး လူသားမျိုးနွယ်အပေါ် ချိုးဖောက်မှုများအား အရေးယူခြင်းပြုနိုင်သည်။ အမိန့်နာခံခြင်းဟု ကာကွယ်၍ မရ” လို့ သူ့ရဲ့တွစ်တာစာမျက်နှာမှာ ဒီနေ့ ရေးသားထားတာဖြစ်ပါတယ်။ လာမယ့် ဖေဖော်ဝါရီ ၁၂ ရက်နေ့မှာလည်း ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှာ မြန်မာ့လူ့အခွင့်အရေး ဆိုင်ရာကိစ္စတွေ ဆွေးနွေးဖို့ အထူးအစည်းအဝေး ခေါ်ထားပါတယ်။ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရ ချက်ချင်း အပြည့်အဝအသက်ဝင်ဖို့ မြန်မာ ပြည်သူတွေနဲ့အတူ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် နက်ပရိုက်စ် ကလည်း တောင်းဆို လိုက်ပါတယ်။ ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရကို ထောက်ခံတယ်လို့လည်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး စာမျက်နှာမှာ ဖော်ပြထားပါတယ်။ ငြိမ်းချမ်းစွာဆန္ဒပြတာအပါအဝင် လွတ်လပ်စွာ စုရုံးခွင့်၊ သိရှိ ဆက်သွယ် နိုင်ခွင့် အတွက် သတင်းအချက်အလက်တွေကို အွန်လိုင်းကနေရော၊ အွန်လိုင်းမဟုတ်တဲ့ဆီကရော လွတ်လပ်စွာ ရှာဖွေခွင့်၊ လက်ခံရရှိခွင့် အပါအဝင် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်အတွက်လည်း အားပေး ထောက်ခံထားပါတယ်။
အများပြည်သူ စုရုံးခွင့်ကို ကန့်သတ်လိုက်တဲ့ စစ်တပ်ရဲ့လက်တလောကြေညာချက်နဲ့ ပတ်သက်ပြီးတော့လည်း စိုးရိမ်ကြောင်း ပြောထားပါတယ်။

လူမစုရအမိန႔္ ထုတ္ျပန္ခဲ့ေပမယ့္ တစ္ႏိုင္ငံလုံးမွာ ဆႏၵျပမႈေတြ အရွိန္မေလ်ာ့ခဲ့
~~~~~
ေစာဖိုးခြား (ဝါရွင္တန္ဒီစီ) ■ လူ ငါးဦးထက္ပိုၿပီး လမ္းမႀကီး၊ လမ္းသြယ္၊ လမ္းၾကားေတြမွာ မစုေဝးဖို႔နဲ႔ ည ၈ နာရီကေန မနက္ ၄ နာရီအထိ ညမထြက္ရအမိန႔္ကို အာဏာသိမ္းစစ္အစိုးရက ထုတ္ျပန္လိုက္ၿပီးေနာက္ ဒီေန႔ လူထုဆႏၵျပပြဲေတြကို ရဲ လုံၿခဳံေရးဘက္က တားဆီးတာ၊ လူစုခြဲဖို႔ ေရဖ်န္းကားေတြနဲ႔ ဖ်န္းတာ၊ ေနျပည္ေတာ္မွာဆိုရင္ ရာဘာက်ည္နဲ႔ ပစ္ေဖာက္ လူစုခြဲတာေတြရွိခဲ့ပါတယ္။ ရဲတပ္ဖြဲ႕ဝင္ေတြအျပင္ စစ္တပ္ဘက္ကလည္း လက္နက္ေတြနဲ႔ အသင့္ေနရာယူထားၾကတာရွိပါတယ္။ လူဦးေရ သိန္းခ်ီဆႏၵျပတဲ့ မႏၲေလးၿမိဳ႕မွာဆိုရင္ ညေနပိုင္းအထိ ဆႏၵျပလို႔ ဖမ္းဆီးခံရသူ အေယာက္ ၃၀ ရွိခဲ့ပါတယ္။ မႏၲေလး ၇၃ လမ္း၊ ၃၈ လမ္းေထာင့္မွာ ျပည္သူေတြကို လုံၿခဳံေရး ရဲတပ္ဖြဲ႕က ေရကားနဲ႔ ျဖန္းတာေၾကာင့္ ျပည္သူေတြနဲ႔ ရဲတပ္ဖြဲ႕ ပဋိပကၡ ျဖစ္ခဲ့ပါတယ္။ ရန္ကုန္မွာလည္း လူဦးေရ သိန္းနဲ႔ခ်ီ ဆႏၵျပပြဲေတြ ဆက္ရွိေနပါတယ္။ ဆႏၵျပသူဦးေရ အမ်ားအျပား စုေဝးၾကတဲ့ လွည္းတန္းလမ္းဆုံက ဆႏၵျပပြဲမွာ တကၠသိုလ္ရိပ္သာလမ္းမွာ ရဲတပ္ဖြဲ႕က စည္းတားထားၿပီး တားထားတဲ့ စည္းကို ရဲတပ္ဖြဲ႕ဘက္က ေရွ႕ကို တိုးတိုးၿပီးေနရာခ်လို႔ ဆႏၵျပသူေတြက ေနာက္ကို ဆုတ္ဆုတ္ၿပီး ေနရာ ေ႐ႊ႕လာတာ ညေနပိုင္းမွာ ျပည္လမ္းဝကို ေရာက္လာပါတယ္။
ညေန ၄ နာရီမွာ လွည္းတန္းဆႏၵျပပြဲက လူစုခြဲခဲ့ပါတယ္။

အဓၶမကို ႏိုင္တဲ့အထိ ဆႏၵထုတ္ေဖာ္သြားမယ္လို႔ ရန္ကုန္ၿမိဳ႕ တာေမြအဝိုင္းအနီး ဆႏၵထုတ္ေဖာ္ရာမွာ ပါဝင္ခဲ့သူ အမ်ိဳးသမီးတစ္ဦးက ေျပာပါတယ္။ေ ရွ႕ဆက္မယ့္အနာဂတ္အတြက္ ေရွ႕ထြက္တာလို႔ ရန္ကုန္ၿမိဳ႕ ဆူးေလက ဆႏၵထုတ္ေဖာ္ပြဲမွာ ပါဝင္ခဲ့တဲ့ လူငယ္အမ်ိဳးသမီးတစ္ဦးက ေျပာပါတယ္။ ညမထြက္ရအမိန႔္ ၁၄၄ ကို အာဏာသိမ္းစစ္တပ္က ထုတ္ျပန္လိုက္ေပမယ့္ ဒီကေန႔ ရန္ကုန္ၿမိဳ႕လယ္ ဆူးေလဘုရားအနီးမွာ ဆႏၵျပသူေတြ သိန္းခ်ီ ဆက္လက္ဆႏၵျပေနၾကဆဲပါ။
ၿမိဳ႕ေတာ္ခန္းမ အနီးပတ္ဝန္က်င္နဲ႔ ဆူးေလဘုရားလမ္း၊ အေနာ္ရထာလမ္း၊ မဟာဗႏၶဳလလမ္းေတြကေန တစ္ဖြဲ႕ဝင္ တစ္ဖြဲ႕ထြက္ ပုံစံနဲ႔ ဆႏၵျပေနၾကတာျဖစ္ၿပီး အရင္ေန႔ေတြကလို တစ္ေနရာထဲမွာ စုေဝးဆႏၵမျပေတြ မရွိေတာ့ပါဘူး။
ဒါ့ေၾကာင့္ ဆူးေလးနဲ႔ ၿမိဳ႕ေတာ္ခန္းမေရွ႕မွာ လုံၿခဳံေရး ရဲကားေတြ၊ ေရဖ်န္းကားေတြနဲ႔ လုံၿခဳံေရး ရဲတပ္ဖြဲ႕ဝင္ ေတြ အင္အားတိုးခ်ထားတာေတြ႕ရေပမယ့္ ညေန ၄ နာရီအထိ ဆႏၵျပသူေတြနဲ႔ ထပ္တိုက္ေတြ႕ဆုံမႈေတာ့ မရွိေသးပါဘူး။ ဒီေန႔ ရန္ကုန္ၿမိဳ႕ ဆူးေလတစ္ဝိုက္က ဆႏၵျပပြဲမွာ စည္ပင္ဝန္ထမ္းေတြ၊ က်န္းမာေရးဝန္ထမ္းေတြ၊ လွ်ပ္စစ္ဝန္ထမ္းေတြလည္း ပါဝင္ခဲ့ပါတယ္။ ရန္ကုန္ၿမိဳ႕က ဆႏၵျပပြဲမွာပါဝင္တဲ့ အျမင္အာ႐ုံ မသန္စြမ္းသူတစ္ဦးက ႏိုင္ငံသားတစ္ဦးျဖစ္တာေၾကာင့္ ဆႏၵထုတ္ေဖာ္ပြဲမွာ ပါဝင္ရတာလို႔ ေျပာပါတယ္။ ပဲခူးၿမိဳ႕ ေ႐ႊေမာ္ေဓာဘုရားလမ္းမႀကီး ဗိုလ္ခ်ဳပ္ေက်း႐ုပ္ေရွ႕က ဒီေန႔ ဆႏၵျပပြဲမွာရွိေနတဲ့ တိုင္းေဒသႀကီးလႊတ္ေတာ္ အမတ္ ဦးၫြန႔္ေ႐ႊအပါဝင္ လူငယ္ ငါးေယာက္ကို ရဲတပ္ဖြဲ႕က ဒီေန႔မနက္ ၉ နာရီေလာက္မွာ ဖမ္းဆီးသြားပါတယ္။

ဗိုလ္ခ်ဳပ္ေၾကး႐ုပ္နားမွာ ပိတ္ထားတဲ့ ရဲတပ္ဖြဲ႕ကို လမ္းဖြင့္ေပးဖို႔ ဆႏၵျပသူတခ်ိဳ႕က ညႇိႏႈိင္းၿပီးတဲ့ေနာက္မွာ ဖမ္းလိုက္တာလို႔ ေဒသခံတစ္ေယာက္က ေျပာပါတယ္။ အခုခ်ိန္ထိ ဘယ္ရဲစခန္းမွာ ဖမ္းဆီးခံထားရတယ္ဆိုတာ မသိရေသးဘဲ ေရွ႕ေနကေနတဆင့္ အဆက္အသြယ္ရဖို႔ စီစဥ္ေနတယ္လို႔လည္း ေျပာပါတယ္။ ရဲတပ္ဖြဲ႕က သူတို႔ကိုဖမ္းၿပီးေနာက္ ဆႏၵျပလူအုပ္ထဲကို ေရနဲ႔ဖ်န္းၿပီး လူစုခြဲတာေတြလည္း လုပ္ခဲ့ပါတယ္။ စစ္အာဏာသိမ္းမႈကို ဆန႔္က်င္တဲ့ ပဲခူးၿမိဳ႕က ဒီေန႔ ဆႏၵျပပြဲမွာ အေျခခံပညာ ေက်ာင္းဆရာ ဆရာမေတြ၊ မီးရထားဝန္ထမ္းေတြ၊ ေက်ာင္းသားေတြနဲ႔ ျပည္သူေတြ ပါဝင္ခဲ့ၾကပါတယ္။ ဧရာဝတီတိုင္းမွာလည္း ပုသိမ္၊ ကန္ႀကီးေတာင္၊ မအူပင္ အစရွိတဲ့ ၿမိဳ႕နယ္ေတြမွာ ဆႏၵျပပြဲေတြရွိခဲ့ၿပီး လူဦးေရ သိန္းခ်ီရွိခဲ့ပါတယ္။ ပုသိမ္ၿမိဳ႕က ဆႏၵျပပြဲမွာပါဝင္ခဲ့တဲ့ ေက်ာင္းဆရာမတစ္ဦးက သူတို႔တာဝန္ထမ္းေဆာင္ခဲ့တဲ့ ေ႐ြးေကာက္ပြဲကို မသမာဘူးလို႔ စြပ္စြဲေျပာဆိုတာကို မခံႏိုင္ေၾကာင္း ရင္ဖြင့္ပါတယ္။ မြန္ျပည္နယ္၊ ေရး၊ ေမာ္လၿမိဳင္၊ ၿမိဳ႕နယ္ေတြမွာလလည္း လူမစုဖို႔နဲ႔ ညမထြက္ရအမိန႔္ ပုဒ္မ ၁၄၄ ထုတ္ထား ေပမယ့္ စစ္အာဏာရွင္ဆန႔္က်င္ေရး သပိတ္ေမွာက္ ဆႏၵျပမူေတြ ဆက္ရွိေနပါတယ္။ေ ရးၿမိဳ႕ေပၚက ဆႏၵျပသူေတြထဲမွာ ဒီေန႔ဆိုရင္ ဆရာမေတြ ပါဝင္လာၾကၿပီး ဆႏၵျပစစ္ေၾကာင္းဟာ အင္အား သုံးေသာင္းေက်ာ္ထိ ျဖစ္ခဲ့ပါတယ္။

စစ္အစိုးရအေနနဲ႔ ကိုယ့္ေနရာကိုယ္ျပန္ေနၿပီး ျပည္သူေတြေျပာတဲ့ စကားကို နားေထာင္ေပးဖို႔လိုလားတယ္လို႔ ေရးၿမိဳ႕နယ္က ဆႏၵျပပြဲမွာ ပါဝင္တဲ့ လူငယ္အမ်ိဳးသားတစ္ဦးက ေျပာပါတယ္ စစ္အာဏာသိမ္းအစိုးရက ရန္ကုန္၊ ေနျပည္ေတာ္၊ မႏၲေလး၊ မေကြး၊ စစ္ကိုင္း၊ ကခ်င္၊ ကယား၊ မြန္၊ ရွမ္း၊ ကရင္ စတဲ့ တိုင္းနဲ႔ ျပည္နယ္ေတြက ၿမိဳ႕နယ္အေတာ္မ်ားမ်ားမွာ လူ ငါးဦးထပ္ပိုမစုဖို႔နဲ႔ ညမထြက္ရ အမိန႔္ ထုတ္ျပန္ထားတာျဖစ္ၿပီး အဲဒီၿမိဳ႕နယ္ေတြမွာ ဆႏၵျပပြဲေတြ ဒီေန႔ရွိခဲ့တာပါ။ စစ္တပ္က အာဏာသိမ္းၿပီးေနာက္ လူေတြ လမ္းေပၚ ထြက္ ဆႏၵျပေနၾကတာ ဒီေန႔နဲ႔ဆိုရင္ ၄ ရက္ေျမာက္ေန႔ ရွိေနပါၿပီ။ စစ္အာဏာသိမ္းအစိုးရဘက္က အမ်ားျပည္သူ လုံၿခဳံေရးနဲ႔ တရားဥပေဒစိုးမိုးေရးကို ထိခိုက္ႏိုင္တဲ့ အျပဳအမူ ေတြကို ေဆာင္႐ြက္ေနတာေတြရွိေနၿပီး ဒါေတြဟာ တည္ၿငိမ္ေအးခ်မ္းေရး၊ တရားဥပေဒစိုးမိုးေရး၊ ရပ္႐ြာ ေအးခ်မ္းသာယာေရးထိခိုက္ၿပီး ႐ုန္းရင္းဆန္ခတ္ျဖစ္ေစႏိုင္လို႔ စုေဝးေဟာေျပာျခင္း၊ ယာဥ္နဲ႔ လူကိုယ္တိုင္ စီတန္းလွည့္လည္ ဆႏၵျပျခင္းေတြကို မျပဳလုပ္ဖို႔နဲ႔ ျပဳလုပ္မယ္ဆိုရင္ အေရးယူမယ္လို႔ ေဖေဖာ္ဝါရီလ ၉ ရက္ ေန႔က ေၾကညာခဲ့တာပါ။

ဆႏၵျပသူေတြကေတာ့ အဲဒီတားျမစ္ခ်က္ကို လိုက္နာဖို႔ မရွိဘူးလို႔ တုံ႔ျပန္ခဲ့ၿပီး ဆက္ၿပီး ဆႏၵေဖာ္ထုတ္ခဲ့ၾကၿပီး မႏၲေလးနဲ႔ ေနျပည္ေတာ္မွာ ပဋိပကၡတခ်ိဳ႕ ရွိခဲ့ပါတယ္။ ဆႏၵျပျပည္သူေတြအေပၚ မတရားအင္အားသုံးဖို႔ အမိန႔္ေပးေဆာင္႐ြက္သူအားလုံးကို လူသားမ်ိဳးႏြယ္အေပၚ ခ်ိဳးေဖာက္မႈေတြအျဖစ္ အေရးယူႏိုင္တယ္လို႔ ျမန္မာႏိုင္ငံဆိုင္ရာ ကုလသမဂၢ အထူးကိုယ္စားလွယ္ မစၥတာ ေသာမတ္ အင္ဒ႐ူးက သတိေပးလိုက္ပါတယ္။ “ျမန္မာျပည္တြင္ ၿငိမ္းခ်မ္းစြာ ဆႏၵျပျပည္သူမ်ားအား ဥပေဒႏွင့္မညီေသာ မတရားအင္အားသုံးရန္ အမိန႔္ ေပးျခင္းမ်ားကို လိုက္နာျခင္းမျပဳရန္ လုံၿခဳံေရးအဖြဲ႕ဝင္ မ်ားတြင္ တာဝန္ရွိသည္။ အမိန႔္ေပး၊ ေဆာင္႐ြက္သူ စဆုံး လူသားမ်ိဳးႏြယ္အေပၚ ခ်ိဳးေဖာက္မႈမ်ားအား အေရးယူျခင္းျပဳႏိုင္သည္။ အမိန႔္နာခံျခင္းဟု ကာကြယ္၍ မရ” လို႔ သူ႔ရဲ႕တြစ္တာစာမ်က္ႏွာမွာ ဒီေန႔ ေရးသားထားတာျဖစ္ပါတယ္။ လာမယ့္ ေဖေဖာ္ဝါရီ ၁၂ ရက္ေန႔မွာလည္း ကုလသမဂၢ လူ႔အခြင့္အေရးေကာင္စီမွာ ျမန္မာ့လူ႔အခြင့္အေရး ဆိုင္ရာကိစၥေတြ ေဆြးေႏြးဖို႔ အထူးအစည္းအေဝး ေခၚထားပါတယ္။ ဒီမိုကေရစီနည္းက် ေ႐ြးေကာက္တင္ေျမႇာက္ထားတဲ့ အစိုးရ ခ်က္ခ်င္း အျပည့္အဝအသက္ဝင္ဖို႔ ျမန္မာ ျပည္သူေတြနဲ႔အတူ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးဌာန ေျပာခြင့္ရပုဂၢိဳလ္ နက္ပ႐ိုက္စ္ ကလည္း ေတာင္းဆို လိုက္ပါတယ္။ေ ႐ြးေကာက္တင္ေျမႇာက္ထားတဲ့ အစိုးရကို ေထာက္ခံတယ္လို႔လည္း ျမန္မာႏိုင္ငံဆိုင္ရာ အေမရိကန္သံ႐ုံး စာမ်က္ႏွာမွာ ေဖာ္ျပထားပါတယ္။ ၿငိမ္းခ်မ္းစြာဆႏၵျပတာအပါအဝင္ လြတ္လပ္စြာ စု႐ုံးခြင့္၊ သိရွိ ဆက္သြယ္ ႏိုင္ခြင့္ အတြက္ သတင္းအခ်က္အလက္ေတြကို အြန္လိုင္းကေနေရာ၊ အြန္လိုင္းမဟုတ္တဲ့ဆီကေရာ လြတ္လပ္စြာ ရွာေဖြခြင့္၊ လက္ခံရရွိခြင့္ အပါအဝင္ လြတ္လပ္စြာထုတ္ေဖာ္ေျပာဆိုခြင့္အတြက္လည္း အားေပး ေထာက္ခံထားပါတယ္။ အမ်ားျပည္သူ စု႐ုံးခြင့္ကို ကန႔္သတ္လိုက္တဲ့ စစ္တပ္ရဲ႕လက္တေလာေၾကညာခ်က္နဲ႔ ပတ္သက္ၿပီးေတာ့လည္း စိုးရိမ္ေၾကာင္း ေျပာထားပါတယ္။ Zawgyi

Be First to Comment

Leave a Reply

Your email address will not be published. Required fields are marked *