Sagaing ramtthen, Mungzua khuapi in a chuakmi SAC ralhrang hna cu mipi vengtu ralkap hna nih KhawngOo le Minmumyone karah rak bawhin an kahdoh hna i, SAC ralhrang minung 30 hrawng an thi tiah Miangmyo peng mipi vengtu ralkap hna nih cathanh an chuah.
Sagaing khuapi ah SAC ralhrang mawtaw 136 hna cu a chuak i, SAC ralhrang minung 70 hrawng cu Mungzua khuapi in an chuak lioah KhawngOo le Miahmu peng kiangah Kunpintaw le Netzikan khua kar ah 27 April, ,zing sml. 9: 15 hrawngah an kahdoh hna hi a si tiah theih a si. Mah kahdohnak ahcun SAC rahrang minung 30 hrawng an thi i, minung 10 hrawng nih hliam an tuar tiah theih a si.
Kawlca In Tling Tein Rel Khawh A Si; စစ်ကောင်စီမိုင်းရှင်းလင်းရေးအဖွဲ့အား ပြည်သူ့ကာကွယ်ရေးတပ်များမှ မိုင်းဆွဲတိုက်ခိုက် ၃၀ ခန့် သေဆုံး ဟုဆို/ ဂျာမုန်း, စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှ ထွက်ခွာလာသည့် စစ်ကောင်စီမိုင်းရှင်းလင်းရေးအဖွဲ့အား ပြည်သူ့ကာကွယ်ရေး တပ်များက ချောင်းဦးနှင့် မြင်းမူမြို့နယ်အကြားတွင် မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၃၀ ဦး ခန့် သေဆုံးကြောင်း မြောင်မြို့နယ် (T.G.R) ပြည်သူ့ကာကွယ်ရေးတပ်မှ သတင်းထုတ်ပြန်သည်။
စစ်ကိုင်းမြို့မှ စစ်ကား ၁၃၆ စီးထွက်ခွာလာသဖြင့် လမ်းတစ်လျှောက် မိုင်းရှင်းလင်းရေးလုပ်ဆောင်ရန် စစ်ကားနှစ်စီး၊ စစ်ကောင်စီတပ်သား ၇၀ ဝန်းကျင်ခန့် မုံရွာမြို့မှထွက်ခွာလာရာ ချောင်းဦးနှင့် မြင်းမူ မြို့နယ်အစပ် ဂွေးပင်တောနှင့် နတ်ရေကန်ကျေးရွာကြားတွင် ယမန်နေ့ ဧပြီလ ၂၇ ရက် နံနက် ၉ နာရီ ၁၅ မိနစ်ခန့်က မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရခြင်းဖြစ်သည်။
“ကျွန်တော်တို့ သတင်းအတိအကျရတော့ မိုင်းသွားထောင်တာ။ အဆင့်မြှင့်ထားတဲ့ ရှေ့ထွက်မိုင်းသုံးလုံးနဲ့ အကွဲသုံးလုံးရောပေါ့ (အဝေးထိန်းမိုင်း)။ အကွဲတွေက ကားလမ်းဘေးမှာ ထောင်ထားခဲ့တာ။ အဲဒါကို သူတို့ တွေ့သွားပြီး တချို့က ဘက်ထရီအိုးတွေဖြုတ်နေတာ။ လက်ရှိဆွဲလိုက်တဲ့ ရှေ့ထွက်မိုင်းသုံးလုံးကတော့ ကားလမ်းဘေး ယာခင်းထဲမိုင်းရှာတဲ့အဖွဲ့ကို ဆွဲလိုက်တာပေါ့။ ကျွန်တော်တို့ရဲ့ကင်းထောက်ကတော့ သူတို့ အုပ်လိုက်ကြီး လဲသွားတာတွေ့လိုက်တယ်” ဟု ဗိုလ်တိုက်ဂါးကပြောပြသည်။
အဆိုပါတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်သား ၃၀ ခန့်သေဆုံးပြီး ၁၀ ဦးနီးပါး ဒဏ်ရာအပြင်းအထန် ရရှိခဲ့ကြောင်း တပ်တွင်းသတင်းရင်းမြစ်မှတဆင့် ပြန်လည်ကြားသိရသည်ဟု မြောင်မြို့နယ် (T.G.R)အဖွဲ့ ဦးဆောင်သူ ဗိုလ်တိုက်ဂါးက ဆိုသည်။
အဆိုပါစစ်ဆင်ရေးအား မြောင်မြို့နယ်(T.G.R)ပြည်သူ့ကာကွယ်ရေးတပ်၊ ဗိုလ်နေတိုး အထူးပြောက်ကျား အဖွဲ့ (B.N.T) ၊ 11 Brothers Revolution Forces ၊ Burmese Guerrilla Force(မြင်းခြံ)၊ ဗိုလ်တောက်ထွန်း (MBTT) စသည့်မဟာမိတ်အဖွဲ့များမှ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
ယင်းဖြစ်စဉ်အပြီး ကျန်ရှိသည့် စစ်ကောင်စီတပ်သားများအား ဂွေးပင်တောနှင့် ဘိုးမင်းကြီးအင်းကျေးရွာ ကြားတွင် မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့(CDSOM)ဦးဆောင်သည့် မဟာမိတ်အဖွဲ့ များမှ ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၁၅ ဦး သေဆုံးကြောင်း ထုတ်ပြန်ထားသည်။ #Mizzima
Be First to Comment