Press "Enter" to skip to content

SAC Ralhrang Motor Rual Cu PDF-Palaw Nih Bomb An Puah Hna, Tam Tuk Lawmmam An Thi

Palaw peng, Pawatkone khua pawng ah Council ralhraang motor tlar bomb an puah hna i, 40 hrawng thi le hliam an um lai an zumh. May 13, 2022, Tanintharyi ramthen, Palaw peng, Pawatkone khua pawng ah May 12 zaan le 13 zing ah Myeik le Dawei lei in a ra mi Council ralhraang motor tlar cu bomb voi hnih an puah hna i ralhraang 40 hrawng thi le hliam tuar an um lai tiah Palaw PDF nih thawng an thanh.

May 12 zaan suimilaam 12:15 hrawng ah Myeik in a ra mi council ralhraang motor 11 le zinglei suimilaam 4:00 ah Dawei in a rak tum mi motor 16 hna cu Palaw PDF tangti phu komh nih bomb an puah hna hi a si tiah kan theih. Cu motor tlar hna cu bomb 7 in an puah hna ca ah ralhraang 40 nak tlawm lo thi le hliamtuar an um lai tiah Palaw PDF nih an thanh.

စစ်​ကောင်စီယာဥ်တန်းကိုPDFများကမိုင်းဆွဲတိုက်ခိုက်ရာ ၄၀ ​ကျော်​သေဆုံး ဒဏ်ရာရဟုပု​လောPDFပြော/ စောနွေဦး၊​ကျော်ဇော/People’s Spring. တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ပဝတ်ကုန်းရွာအနီး စစ်ကောင်စီယာဉ်တန်းကို နှစ်ကြိမ်မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၄၀ကျော်​သေဆုံးဒဏ်ရာရရှိကြောင်း PDF(ပုလော)မှ တာဝန်ခံက​ပြောသည်။

မေ ၁၂ ရက် ည၁၂ နာရီတွင် မြိတ်မြိုမှပုလောမြို့လာသည့် စစ်ကောင်စီတပ်၏ ၁၁ စီးပါယာဥ်တန်းကို ပုလောမြို့နယ်ရှိ မဟာမိတ်တပ်ပေါင်းစုကပဝတ်ကုန်းရွာအနီးတွင်မိုင်းခွဲတိုက်ခိုက်ခဲ့သည်။ ထို​နောက် ယ​နေ့ (​မေ ၁၃) နံနက်၄နာရီခွဲတွင် ထားဝယ်မှာမှ လာသည့် စစ်ကား ၁၆ စီးကိုလည်းထပ်မံ မိုင်းဆွဲတိုက်ခိုက်ခဲ့​ကြောင်း ပု​လောPDFကထုတ်ပြန်သည်။

တိုက်ခိုက်မှုနှစ်ကြိမ်လုံးအတွက် စုစုပေါင်း မိုင်း ၇လုံးအသုံးပြုခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှာ အနည်းဆုံး လူ ၄၀ကျော် ဒဏ်ရာရရှိခဲ့သည်ဟုထုတ်ပြန်ချက်တွင်​ဖော်ပြထားသည်။ ၄၀ဦးတွင် သေဆုံးသူ အယောက် ၂၀ခန့်ရှိနိုင်ပြီး စာရင်းအတည်ပြုရန် ကြိုးစားနေဆဲဟု PDF(ပုလော) တာဝန်ခံကပြောသည်။

“သေတဲ့သူကော ဒဏ်ရာရသူကော၊ သေသူအတိအကျ မသိရသေးလို့။သွေးအိုင်တွေ လမ်းမကြီးတလျှောက်ကျနေတာဘဲ့။ သူတို့ လိုက်ဖုံးနေတယ်” ဟု ၎င်းကဆက်​ပြောသည်။ ထိုခိုက်​သေဆုံးမှုမှာ မြိတ်မှထွက်လာ​သော စစ်​ကောင်စီယာဥ်တန်းမှ ဖြစ်ပြီး ထားဝယ်မှ စစ်ကူလာ​သောယာဥ်တန်းမှ ထိ့ခိုက်မှုနည်း​ကြောင်းလည်းသိရသည်။

“ မြိတ်က ၆ စီး ထိတယ်။ မိုင်းဆွဲပြီး ကျနော်တို့ဘက်က ပြန်ဆုတ်တယ်။ သူတို့ဘက်က လက်နက်ကြိး လက်နက်ငယ်နဲ့ တရစပ် ပြန်လည်ပစ်ခတ်ပါတယ်။ ထားဝယ်ဘက်က ထိခိုက်မူ သိပ်မရှိဘူး ဗျ။ ကားထိုးရပ်‌တော့ ထိုးရပ်သေး။ ထိခိုက်မူနည်းတယ်”ဟုPDF(ပုလော) မှ တာဝန်ရှိသူတစ်ဦးက လူထုနွေဦးကိုပြောသည်။

မိုင်းခွဲတိုက်ခိုက်ခဲ့သော်လည်း လက်နက်အင်အား မမျှခြင်းကြောင့် ပစ်ခတ်တိုက်ခိုက်မှုမလုပ်ခဲ့ဘဲ ပြန်လည်ဆုတ်ခွာခဲ့သည်ဟုလည်း၎င်းကရှင်းပြသည်။ စစ်​ကောင်စီတပ်မိုင်းဆွဲတိုက်ခိုက်ခံရပြီး​နောက် ယ​နေ့တွင် ထားဝယ်မြို့အထွက်၌ စစ်​ကောင်စီတပ်က အစစ်အဆေးကြမ်း​နေ​ကြောင်းလည်းဒေသခံတစ်ဦးကပြောသည်။

ပုလောမြို့နယ်သည် စစ်ကောင်စီတပ်ကို ​ဒေသခံ PDFများက မကြာခဏတိုက်ခိုက်​နေပြီး တနင်္သာရီတိုင်းအတွင်း စစ်ရေးတင်းမာနေခြင်းကြောင့် ပြည်သူများခရီးသွားလာပါကအထူးသတိထားရတ်ဒေသခံကာကွယ်ရေးတပ်များက သတိပေးထားသည်။ “ပြည်သူတို့ရဲ့ထောက်ပံ့မှု ကူညီမှုနှင့်အတူ ကျနော်တို့ အစွမ်းကုန်ကြိုးပြီး တိုက်ခိုက်နေပါတယ်။ စစ်အာဏာရှင်စနစ် ပြုတ်ကျသည်အထိ တိုက်ခိုက်သွားပါ့မယ်”ဟု ပုလော PDF မှ ရဲဘော်တစ်ဦးက​ပြောသည်။

Be First to Comment

Leave a Reply

Your email address will not be published. Required fields are marked *