Press "Enter" to skip to content

Sandy Myint Lwin Nih A Fanu Te A Zohkhenh Ning Hi Duh Nung Kho Taktak Cawn Awk Tlak Bak Si (+Video & Hmanthlak)

စန္ဒီမြင့်လွင်ကတော့ အဆိုပိုင်းမှာရော သရုပ်ဆောင်ပိုင်းမှာ အရည်အချင်းပြည့်ဝသူတစ်ဦးအဖြစ် ပရိသတ်တွေက အသိအမှတ်ပြုထားကြတာ ဖြစ်ပါတယ် ။ ဗီဒီယိုနဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ စန္ဒီမြင့်လွင်က သီချင်းတွေလည်း အများအပြားထွက်ရှိခဲ့တာ ဖြစ်ပါတယ် ။ လက်ရှိမှာလည်း စန္ဒီမြင့်လွင်က သီချင်းတွေဖန်တီးသလို ကြော်ငြာတွေလည်းရိုက်ကူးနေရပြီး အနုပညာအလုပ်တွေကို ပုံမှန်လုပ်ကိုင်နေတာပဲ ဖြစ်ပါတယ် ။

ချစ်စရာကောင်းတဲ့သမီးချောလေးတစ်ယောက်ကို ပိုင်ဆိုင်ထားတဲ့ စန္ဒီမြင့်လွင်ရဲ့မိသားစုဘဝလေးက အရာရာပြီးပြည့်စုံနေတာ ဖြစ်ပါတယ် ။ စန္ဒီမြင့်လွင်ရဲ့ခင်ပွန်းကလည်း သူမတို့သားအမိအပေါ်မှာ အိမ်ထောင်ဦးစီးကောင်းပီသစွာနဲ့ တာဝန်ကျေပွန်နေတာ ဖြစ်ပါတယ် ။ လက်ရှိမှာတော့ စန္ဒီမြင့်လွင်က ချစ်ရတဲ့ခင်ပွန်း၊သမီးလေးတို့နဲ့အတူ ပိတ်ရက်မှာ အေးအေးဆေးဆေး အနားယူနေတာ ဖြစ်ပါတယ်။

အခုလည်း စန္ဒီမြင့်လွင်က ချစ်သမီးလေး Treasure ကိုရေချိုး၊ခေါင်းလျှော်ပေးရင်းနဲ့ သီချင်းဆိုပြနေတဲ့ ဗီဒီယိုလေးကို တင်ထားတာ ဖြစ်ပါတယ် ။ Treasure လေးကတော့ ငိုမဲ့မဲ့မျက်နှာလေးနဲ့ မေမေ့ကိုအားရပါးရ ဂျီကျနေတာ ဖြစ်ပါတယ် ။ ဒါကြောင့် စန္ဒီမြင့်လွင်က ” ကလေးတစ်ယောက်နဲ့ကျွန်မမေမေတွေရော ထရက်ရှာ့လိုခေါင်းလျှော်ရင်မကြိုက်တဲ့မေမေတွေရှိလား ရေချိုးရင်အဲ့လိုဖျော်ဖြေရတာ” ဆိုပြီး ရေးသားထားသေးတာ ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် စန္ဒီမြင့်လွင်တို့သားအမိနှစ်ယောက်ရဲ့ဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Be First to Comment

Leave a Reply

Your email address will not be published. Required fields are marked *