Press "Enter" to skip to content

SNLD Party Hruaitu Hlun Khun Thun Oo Cu A Nunnak A Liam

Shan Nationalities League For Democracy(SNLD) party hruaitu hlun Khun Thun Oo cu, nihin April 30 zanlei sml 1:00 hrawng ah Yangon a umnak inn ah a nunnak a liam, tiah theih a si. Kum 79 A si cangmi Khun Thun Oo cu 1988 lioah SNLD party a rak hruai i 1990 thimnak ah Tipaw peng in teinak a rak hmu. 2005 ah Na Ah Phah(နအဖ) cozah nih rampi dohdalnak ruangah kum 90 thongthlak ding bia an rak khiah nain 2012 January ah a luat ṭhan.

SNLD party cu 2015 zuamnak ah meekuang hmun 40 lengah teinak a rak hmumi an si. Khun Thun Oo a thih cu SNLD party le Shan miphun caah sungh zatlaknak ngan pi a si ko, tiah SNLD chimnak nawlngeitu Sai Laih nih a chim.

“Shan ramkhel ca ah cun sungh zatlaknak fak ngai a si. Khun Thun Oo nih Federal rampi ser nakding ah rianhma a lim manh lomi hi chanthar mi hna sinah a chiah tak cang. Shanram chung a ummi nih zeitik hmanh ah kan philh lai lo. Shan ram ramkhel, Federal rampi ser nakding ah kan i zoh thla tukmi kan pa a si, tiah Shan mi pakhat nih a chim.

ဦးခွန်ထွန်းဦး ကွယ်လွန်
~~~~
■ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ရဲ့ ဥက္ကဋ္ဌဟောင်း ဦးခွန်ထွန်းဦးဟာ ဧပြီလ ၃၀ ရက် ဒီနေ့ နေ့လယ်ပိုင်းမှာ လူကြီးရောဂါနဲ့ ကွယ်လွန်သွားတယ်လို့ ပါတီရဲ့ တွဲဘက်အထွေထွေအတွင်းရေးမှူး (၁) ဦးစိုင်းကျော်ညွန့်က RFA ကို ပြောပါတယ်။

အသက် ၇၉ အရွယ် ဦးခွန်ထွန်းဦးဟာ ရန်ကုန်မြို့၊ ၉ မိုင်မှာရှိတဲ့ နေအိမ်မှာ သေဆုံးသွားတာလို့ ဦးစိုင်းကျော်ညွန့်က ပြောပြပါတယ်။ “မနက်ပိုင်းကတည်းက အနားယူမယ်ဆိုပြီး ဝင်သွားတယ်ဗျာ။ ဘယ်သူမှလည်း သတိမထားမိဘူး။ နေ့လယ်ပိုင်းကျ ဆုံးနေတာတွေ့တော့ အချိန်ကအတိအကျ မပြောနိုင်ဘူးဖြစ်နေတယ်။ လူကြီးဆိုတော့ ရောဂါတွေကတော့ လူကြီးရောဂါပါပဲ”

လက်ရှိမှာတော့ ဦးခွန်ထွန်းဦး သေဆုံးချိန်ကို ဆရာဝန်တွေနဲ့ စစ်ဆေးနေပြီး ဈာပနအခမ်းအနားကိုလည်း ကျင်းပဖို့အတွက် စီစဉ်နေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။ ရှမ်းပြည်နယ်က ဝါရင့်နိုင်ငံရေးခေါင်းဆောင် ဦးခွန်ထွန်းဦးဟာ SNLD ပါတီကို စတင်တည်ထောင်ခဲ့တဲ့ ၁၉၈၈ ခုနှစ် အရေးအခင်းအပြီးကစလို့ SNLD ထူထောင်ရာမှာ ဦးဆောင်ခဲ့သူ တစ်ယောက် ဖြစ်ပါတယ်။

ရှမ်းပြည်နယ်၊ သီပေါမြို့ ဇာတိဖြစ်တဲ့ ဦးခွန်ထွန်းဦးဟာ သီပေါမြို့နယ် မဲဆန္ဒနယ်မှာ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲက အနိုင်ရခဲ့သလို စစ်အစိုးရက ၂၀၀၅ ခုနှစ်မှာ နိုင်ငံတော်သစ္စာဖောက်မှုနဲ့ စွပ်စွဲခံရပြီး ထောင် ၉၃ နှစ်ချခံခဲ့ရပါတယ်။ (ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ရဲ့ ဥက္ကဋ္ဌဟောင်း ဦးခွန်ထွန်းဦးအား တွေ့ရစဉ်)

Be First to Comment

Leave a Reply

Your email address will not be published. Required fields are marked *