Press "Enter" to skip to content

Tanshy Ah Mipi That Tu Le Khua A Khangtu SAC Ralhrang Hna Cu PDF Hna Nih An Kahdoh Hna Minung 20 Hrawng An Thi

Tanshy Ah Mipi That Tu Le Khua A Khangtu SAC Ralhrang Hna Cu PDF Hna Nih An Kahdoh Hna Minung 20 Hrawng An Thi. April 29, Sagaing ramthen, Tanshy peng lei ah SAC ralhrang hna cu nihin April 29 ah Tanshy-KalayO lam tantim ah mipi hriamtlai hna nih bomb in an kahdoh hna i, SAC ralhrang minung 20 hrawng an thi tiah theih a si.

Kawlca In Tling Tein Relchap; တန့်ဆည်တွင် ပြည်သူကို သတ်ဖြတ်ပြီး ကျေးရွာများကို မီးရှို့နေသော စစ် ကြောင်းကို PDF က မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား၂၀ ဦးခန့် သေဆုံး ၊ မြောင်နှင့်ပုလဲတို့တွင်လည်း စစ်ကြောင်းများ မိုင်းဆွဲတိုက်ခိုက်ခံရ / ရန်ကုန်၊ ဧပြီ ၂၉, စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ်သို့ စစ်ကြောင်း ထိုးလာသော အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များကို ယနေ့ ဧပြီလ ၂၉ ရက်နေ့တွင် တန့်ဆည်-ကလေးဝ လမ်းပိုင်း စိုင်းမသေကွင်းတွင် ဒေသခံကာကွယ်ရေး တပ်ဖွဲ့က ပဒေသာမိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၂ဝ ဦးခန့် သေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက် စစ်ကောင်စီ စစ်ကြောင်းသည် တန့်ဆည်မြို့နယ် ဂရိတ်ကျေးရွာသို့ ရဟတ်ယာဉ် ၅စီးဖြင့် ရောက်လာကာ စာသင်ကျောင်းနှင့်ဘုန်းကြီး ကျောင်းတွင် တပ်စွဲနေထိုင်နေသော စစ်ကြောင်းဖြစ်ပြီး ဂရိတ်ရွာရှိ ပြည်သူပိုင် နေအိမ်များကိုလည်း မီးရှို့ဖျက်ဆီးခဲ့သည့် စစ်ကြောင်းသည် ဖြစ်ကြောင်း သိရှိရသည်။

ယင်း စစ်ကြောင်းကို SAF Special Attacking Force (Upper Burma)နှင့် Taze People Comrades တပ်ဖွဲ့က ပူးပေါင်း မိုင်းဆွဲ တိုက်ခိုက်ခဲ့ခြင်း ဖြစ် ကြောင်း သိရသည်။ အလားတူ ဧပြီလ ၁၁ရက်နေ့နှင့် ၁၂ ရက်နေ့တို့တွင်လည်း TPCနှင့် SAF တပ်ဖွဲ့တို့ ပူးပေါင်းကာ ပျူစောထီး အဖွဲ့များ တပ်စွဲထားသော မူးခွရွာနှင့် ကျွန်းလည်ရွာကို သွားရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ၁၂ ဦးသေဆုံးခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ထို့ပြင် ဧပြီလ ၂၉ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး ပုလဲ မြို့နယ် ဇီးဖြူကုန်းရွာ၊ ပျူစောထီးစခန်းကို မုံရွာခရိုင်တပ်ရင်း (၁) သံမဏိတပ်ခွဲ ၊ ပုလဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တပ်ရင်း (၁)(RES၊တောင်ပေါ်ပုဏ္ဏက၊ပုံတောင် Tiger PDF) ၊တပ်ရင်း (၂) ၊ Myaing’s Hero Generationတပ်ရင်း (M.H.G) ၊God Of Myaing၊ Guerilla Ranger တပ်ဖွဲ့ဝင်ဖြစ်သော

P.W ထုတ်လုပ်ရေးရဲဘော်များ၊ 1.0.1၊ Urban Revolution Force၊ Underground Revolution Force၊ Underground Army၊ Aung San Force နှင့်တောင်ပိုင်းမဟာမိတ်အဖွဲ့များမှ လက်နက်ကြီးအလုံးရေ ၅၆ လုံးခန့် ပစ်ခတ်ဝင်ရောက်ကာ စစ်ကောင်စီ နှင့် ပျူစောထီးများဘက်ကလည်း ပြန်လည်ပစ်ခတ်ခဲ့ပြီး ၁ နာရီခန့် ကြာမြင့်စွာတိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

အလားတူ ဧပြီလ ၂၉ ရက်နေ့ စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆီမီးခုံ-နဘူးအိုင် ကားလမ်း၊ ပေါ် ကန်နီကျေးရွာနှင့် ပင်လယ်ကျေးရွာအကြားတွင် စစ်ကားတစ်စီးကို မြောင်မြို့နယ် ပကဖအဖွဲ့ မြောင် CDSOM ၊ နောင်ရိုးပျောက်ကြားတပ်ဖွဲ့က မိုင်း ၈ လုံးဖြင့် တိုက်ခိုက်ရာ ကားများ နေရာတွင် ထိုးရပ်ပြီး စစ်သား ၁ ဦး အပြင်းအထန်ဒဏ်ရာရရှိကြောင်း သိရှိရသည်။ ဓာတ်ပုံ- အကြမ်းဖက်စစ်ကောင်စီစစ်ကားများ။ (ပုံအဟောင်းဖြစ်သည်)

Be First to Comment

Leave a Reply

Your email address will not be published. Required fields are marked *