ချစ်ပရိသတ်တွေရဲ့ အသည်းကျော်တစ်ဦးဖြစ်တဲ့ အကယ်ဒမီများရှင် သရုပ်ဆောင် သက်မွန်မြင့်ကတော့ အနုပညာလောကထက်မှာ အောင်မြင်မှုများစွာနဲ့ ရပ်တည်လျှောက်လှမ်းနေသူတစ်ဦးပါ။ သူမရဲ့ သရုပ်ဆောင်မှုတွေက ပီပြင်ကောင်းမွန်လွန်းတာကြောင့် ပရိသတ်တွေ အားပေးနေကြတာဖြစ်ပြီး ပါဝင်ထားတဲ့ ဇာတ်ကားတိုင်းကလည်း အောင်မြင်မှုတွေရရှိတာကို တွေ့ရပါတယ်။
သက်မွန်က အိမ်ထောင်ပြုပြီး နောက်ပိုင်းမှာလည်း အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ကိုင်ခဲ့ပြီး ယခု ကလေးနှစ်ယောက် မွေးဖွားပြီးသည့်တိုင်အောင် ပရိသတ်တွေနဲ့ အဆက်အသွယ်မပြတ် ဆက်လက်လျှောက်လှမ်းနေသူပါ။ သူမရဲ့ သားသားလေးနဲ့ သမီးလေးဟာဆိုရင်လည်း ကျောင်းနေအရွယ်ကို ရောက်ရှိနေပြီဖြစ်ပြီး ပရိသတ်တွေရဲ့ အသည်းကျော်တွေပါ။
ယနေ့မှာဆိုရင် သက်မွန်က သူမရဲ့ သမီးငယ်လေးကို ရင်ခွင်ထဲ ထွေးပိုက်ကာ စာသင်ပေးနေတာဖြစ်ပြီး မိခင်မေတ္တာအပြည့်အဝနဲ့ ဂရုစိုက်ပြုစုနေတာပါ။ ကြည့်မိသူတိုင်း ကြည်နူးသွားရလောက်တဲ့ သက်မွန်တို့ သားအမိနှစ်ယောက်ရဲ့ ပုံလေးတွေကို ချစ်ပရိသတ်တွေ ကြည့်ရှုစေဖို့အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ် ။ ကဲ…ပရိသတ်တွေကလည်း ပုံလေးတွေကို ကြည့်ပြီး အသည်းလေးတွေပေးခဲ့ဖို့ မမေ့လိုက်ပါနဲ့နော်…….။
Be First to Comment