ပုရိသတွေရဲ့ အသည်းတစ်ခုလုံးကို ညှို့ယူဖမ်းစားထားသူကတော့ သရုပ်ဆောင် မင်းသမီးချောလေး သင်ဇာဝင့်ကျော်ပဲ ဖြစ်ပါတယ်။ သူမဟာ Sexy မော်ဒယ်တစ်ယောက်အဖြစ်နဲ့ပါ အနုပညာလှုပ်ရှားမှုတွေကို လုပ်ကိုင်နေတာလည်း ဖြစ်ပါတယ်။ သင်ဇာဟာ ရိုးရိုးယဉ်ယဉ်ပုံစံလေးတွေနဲ့သာမကဘဲ ခေတ်ရှေ့ပြေးဖက်ရှင်တွေနဲ့လည်း အရမ်းကို လိုက်ဖက်ညီအောင် ဝတ်ဆင်တတ်သူလေးလည်း ဖြစ်ပါတယ်။
သင်ဇာဟာ လတ်တလောမှာတော့ ကြော်ငြာလေးတွေ လက်မလည်အောင် ရိုက်ကူးနေရတာလည်း ဖြစ်ပါတယ်။ ပရိသတ်တွေကိုလည်း သူမရဲ့ လှုပ်ရှားမှုလေးတွေကို အမြဲတင်ပေးလေ့ရှိတာလည်း ဖြစ်ပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်စေတဲ့အစားအသောက်တွေကို ရွေးချယ်စားသောက်လေ့ရှိတဲ့ သင်ဇာကတော့ မနေ့ညကလည်း သူမရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ပုံလေးတွေ တင်ထားတာပဲ ဖြစ်ပါတယ်။
ဒါကတော့ဟိန်းမင်းသူလာပို့ပေးတဲ့ မာလာရှမ်းကောကိုသွားရည်ကျသွားလောက်အောင် စားပြနေတာပဲ ဖြစ်ပါတယ်။ သင်ဇာကလည်း ” Hein Min Thu လက်ရာ သုခဘုံ – Paradise ရဲ့ ထမင်းသုတ်နဲ့ မာလာရှမ်းကောလေးကိုစားပြီး ကောင်းလွန်းလို့ လျှာလည်သွားပါပြီရှင့် ကျေးဇူးပါနော် ” ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပြီး ပရိသတ်တွေအတွက် သင်ဇာရဲ့ ပုံရိပ်လေးကို တစ်ဆင့် ပြန်လည် ကူးယူတင်ဆက်ပေးလိုက်ပါတယ်နော်။
Be First to Comment