Thinzar Wint Kyaw Ai Dawh Nak Cu Mah Ka Ko Ah Hin A Tling Khun (+Hmanthlak Tampi)

မင်းသမီးချောလေး သင်ဇာဝင့်ကျော်ကတော့ ကိုယ်လုံးကိုယ်ပေါက်လှပပြီး အချိုးအစားပြေပြစ်တာကြောင့် ပုရိသတွေအားလုံးက သူမကိုအပြတ်အသတ် ကြွေနေရတာ ဖြစ်ပါတယ် ။ သင်ဇာဝင့်ကျော်ကလည်း သူမရဲ့အလှတရားတွေအပေါ်မှာ ယုံကြည်မှုရှိသူ တစ်ယောက်ပီပီ ခပ်လန်းလန်းဖက်ရှင်တွေကို ရွေးချယ်ဝတ်ဆင်တတ်တာ ဖြစ်ပါတယ် ။ ဒါကြောင့်လည်း သင်ဇာဝင့်ကျော်က သူများတွေနဲ့မတူအောင် ထူးခြားပြီး ပရိသတ်တွေရဲ့စိတ်ဝင်တစားစောင့်ကြည့်အားပေးခြင်းကို ခံနေရတာ ဖြစ်ပါတယ် ။

သင်ဇာဝင့်ကျော်က သရုပ်ဆောင်အဖြစ်လည်း ဇာတ်ကားတွေရိုက်ကူးသလို Model အဖြစ်လည်း Photo Shooting တွေလက်ခံရိုက်ကူးလေ့ရှိတာ ဖြစ်ပါတယ် ။ အောင်မြင်မှုတွေကို ဆက်လက်ထိန်းသိမ်းထားနိုင်စွမ်းရှိတဲ့ သင်ဇာဝင့်ကျော်က လတ်တလောမှာလည်း အနုပညာအလုပ်တွေကို လုပ်ကိုင်နေရတာ ဖြစ်ပါတယ် ။ အခုလည်း သင်ဇာဝင့်ကျော်က ရေအောက်ထဲမှာ ခက်ခက်ခဲခဲ ရိုက်ကူးထားတဲ့ အမိုက်စားပုံရိပ်တွေကို ချပြလိုက်တာ ဖြစ်ပါတယ် ။

သင်ဇာဝင့်ကျော်က အနီရောင်ဂါဝန်လှလှလေးဝတ်ပြီး ရေအောက်ထဲမှာ အလန်းစားပို့စ်တွေ အပီအပြင်ပေးခဲ့တာ ဖြစ်ပါတယ် ။ ရေကူးကျွမ်းကျင်တဲ့ သင်ဇာက ရေသူမလေးတစ်ယောက်လို ကူးခတ်ပြီး လှလှပပပုံစံလေးတွေ လုပ်ပြထားပုံကလည်း အံ့အားသင့်စရာကောင်းနေတာ ဖြစ်ပါတယ် ။ ကဲ ရေထဲမှာတောင် ဟန်မပျက်လှနေနိုင်ပြီး အရမ်းကိုမိမိုက်နေတဲ့ မင်းသမီးချောလေး သင်ဇာဝင့်ကျော်ရဲ့ပုံရိပ်လေးတွေကို ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Leave a Reply

Your email address will not be published. Required fields are marked *