Thla 2 Chungah Ralkap A Thi Mi An Tam Taktak Cang Mah Vialte Bak An Thi Manh Ve Cang

Ralkap nih nawlngeihnak a lak in thla hnih chung ah kahthahnak in minung 521 an thi cang.

စစ်အာဏာသိမ်းပြီး နှစ်လအတွင်း အကြမ်းဖက်စစ်တပ်မှ ပစ်ခတ်မှုကြောင့် သေဆုံးသူ ၅၂၁ ဦးထိရှိလာ မဇ္ဈိမ အကြမ်းဖက်စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ပစ်ခတ်မှုတွေကြောင့် နှစ်လအတွင်း သေဆုံးသူ ၅၂၁ ဦးထိရှိလာပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့သတင်းထုတ်ပြန်ချက်တွေအရသိရပါတယ်။

အကြောင်းမဲ့ အကြမ်းဖက်အတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်ထားခြင်းခံထားရတဲ့ ပြည်သူကတော့ ၂၆၀၈ ဦးထိရှိပြီး ထောင်ချခံရသူ ၃၇ ဦးရှိနေတယ်လို့လဲ AAPP ကဆိုပါတယ်။ ဒီ့အပြင် ဖမ်းဝရမ်းထုတ်ခြင်းခံထားရတာကြောင့် တိမ်းရှောင်နေသူ ၁၂၀ ဦး အထိရှိနေတယ်လို့လဲ သိရပါတယ်။

ဒီစာရင်းတွေဟာ အချက်အလက်ကောက်ခံ၊ ပေးပို့လာတဲ့သူတွေကိုမူတည်ပြုလုပ်ထားတာဖြစ်တာကြောင့် လက်တွေ့မြေပြင်မှာ ကျဆုံးသူဦးရေဟာ ဒီစာရင်းထက်ပိုများနိုင်ပါသေးတယ်။“ မည်မျှပင် ပစ်ခတ်သတ်ဖြတ်၍ ခြိမ်းခြောက်မှုများပြုလုပ်နေသော်လည်း ပြည်သူများသည် အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM)များ၊ စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးလှုပ်ရှားမှုများအား အချိတ်အဆက်မိမိဖြင့် အရှိန်အဟုတ်မပျက် ဆက်လက် တိုက်ပွဲဝင်နေဆဲဖြစ်ပြီး ဖြစ်ပြီး ထိုကဲ့သို့ ကြောက်ရွံ့တုန်လှုပ်ခြင်း အလျဉ်းမရှိသောကြောင့် အကြမ်းဖက်စစ်အုပ်စုသည် အထက်တွင်ဖော်ပြထားသည့် မီးရှို့ သတ်ဖြတ်ခြင်း၊ ညှဉ်းပန်း နှိပ်စက်ခြင်းများစသည့် ပိုမိုရက်စက်ကြမ်းကြုတ်သည့် အကြမ်းဖက် နည်းနာ အသုံးပြုလာပြီး ရက်ဆက်ဆိုသလို ကျူးလွန်၍ အကြောက်တရားများ စိမ့်ဝင်လာစေရန် ပြုလုပ်လာသည်” ဟု နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့တာဝန်ရှိသူများက ပြောဆိုရေးသားထားသည်။

မတ်လနှောင်းပိုင်းမှာ ဆန္ဒပြပြည်သူတွေကို အကြမ်းဖက်စစ်အုပ်စုက လက်နက်ကြီးတွေ၊ လက်ပစ်ဗုံးတွေနဲ့ပါ စတင်တိုက်ခိုက်ခဲ့လို့ ပြည်သူအများအပြား ဒဏ်ရာတွေရခဲ့သလို သေဆုံးသူဦးရေပိုလာခဲ့တာလည်းဖြစ်ပါတယ်။ မြန်မာနိုင်ငံအနှံ့အပြားမှာ အကြမ်းဖက်စစ်ကောင်စီရဲ့တပ်ဖွဲ့ဝင်တွေဖြစ်ကြတဲ့ ရဲ နဲ့ စစ်သားတွေက ရပ်ကွက်၊ လမ်း၊ အိမ်တွေပါမကျန် အကြောင်းမဲ့ ပစ်ခတ်၊ ရိုက်နှက် ဖမ်းဆီးတာတွေပြုလုပ်လာတဲ့အပြင် မီးရှို့သတ်တာတွေအထိအကြမ်းဖက် ပြုလုပ်လာတာလည်းဖြစ်ပါတယ်။ Photo-EPA. The Hakha Times

Leave a Reply

Your email address will not be published. Required fields are marked *