သုံးထပ်ကွမ်းအကယ်ဒမီဆုရှင်ဖြစ်တဲ့ မင်းသမီးချောလေး ဖွေးဖွေးဟာဆိုရင် အနုပညာနယ်ပယ်ထဲမှာ ထိပ်တန်းမင်းသမီးတစ်ယောက်အဖြစ် ရပ်တည်နေပါတယ်နော်။ဖွေးဖွေးက တစ်နှစ်မှာဆိုရင်လည်း ရုပ်ရှင်ဇာတ်ကားကြီးတွေအများအပြားရိုက်ကူးရပြီး ကျရာဇာတ်ရုပ်ကို ပီပြင်အောင် သရုပ်ဆောင်နိုင်စွမ်းရှိပါတယ်။ဖွေးဖွေးရဲ့ အနုပညာသက်တမ်းကလည်း နှစ်ပေါင်းမနည်းကြာမြင့်နေပြီဖြစ်လို့ အတွေ့အကြုံတွေကလည်း ပိုမိုများပြားနေပါပြီနော်။
ဖွေးဖွေးက အသက်(၃၀)ကျော် အရွယ်ဖြစ်ပေမယ့် ဆယ်ကျော်သက်အရွယ်လိုမျိုး ထာဝစဉ်နုပျိုနေတဲ့ မျက်နှာလှလှလေးကို ပိုင်ဆိုင်ထားလို့ ကုသိုလ်ကံထူးပါတယ်နော်။ဖွေးဖွေးက ပရိသတ်တွေကိုလည်း ရင်းရင်းနှီးနှီးဆက်ဆံတတ်ပြီး မာန်မာနမကြီးတတ်လို့ လူချစ်လူခင်ပေါများနေတာဖြစ်ပါတယ်။ဖွေးဖွေးက သူမရဲ့အလှအပတွေကိုလည်း သေချာထိန်းသိမ်းပြီး ဂရုစိုက်လို့ တစ်နေ့ထက်တစ်နေ့ပိုပိုလှပနေတာဖြစ်ပါတယ်နော်။
အခုလက်ရှိမှာတော့ ဖွေးဖွေးက အနုပညာအလုပ်လေးတွေကို အနည်းအကျဉ်းပြန်လည်လုပ်ဆောင်နေတာဖြစ်ပါတယ်။ကြော်ငြာလေးတွေလည်းလက်ခံရိုက်ကူးနေတာကြောင့် သူမရဲ့ခန္ဓာကိုယ်ကို ဝိတ်မတက်အောင် ထိန်းသိမ်းနေတာဖြစ်ပါတယ်။အခုဆိုရင်တော့ ဖွေးဖွေးက ဝိတ်ချနေပေမယ့်လည်း အဆိုတော်မိုးမိုးတို့ပို့ပေးလိုက်တဲ့ ပုဇွန်ကင်ကို အားရပါးရဆွဲနေတာဖြစ်ပါတယ်။ဖွေးဖွေးရဲ့မေမေကတော့ ဝိတ်မလျော့တော့ဘဲ စိတ်ကြိုက်ဆွဲနေတဲ့ ချစ်သမီးလေးကို ဓာတ်ပုံအမိအရရိုက်ထားတာဖြစ်ပါတယ်နော်။
Be First to Comment