Uar An Um Bak Atu Lio Ah An Kong An Ceih Len Mi Hna Pahnih (+Hmanthlak Tampi)

မြန်မာနိုင်ငံရဲ့ အနုပညာလောကထက်မှာ နေရာတစ်ခုကို အခိုင်အမာရရှိထားပြီး အောင်မြင်နေကြသူတွေထဲမှာ သရုပ်ဆောင် သင်ဇာဝင့်ကျော်နဲ့ အဆိုတော် ယုန်လေးတို့ နှစ်ယောက်ကလည်း အပါအဝင်ပဲ ဖြစ်ပါတယ်။ သင်ဇာကတော့ အပြစ်ပြောရက်စရာမရှိတဲ့ ကောက်ကြောင်းအမိုက်စားနဲ့ မျက်နှာလှလှလေးကို ပိုင်ဆိုင်ထားတာဖြစ်လို့ ပုရိသတို့ရဲ့ တစ်ခဲနက်အားပေးဝန်းရံမှုကို များစွာရရှိထားတာဖြစ်ပါတယ်။

အဆိုတော် ယုန်လေးကတော့ အနုပညာလမ်းကြောင်းထက်မှာ သရုပ်ဆောင်တစ်ယောက်အနေနဲ့သာမကပဲ ဒါရိုက်တာတစ်ယောက်အနေနဲ့ပါ ရပ်တည်လျှောက်လှမ်းနေသူမို့ ဘက်စုံထူးချွန်သူပါနော်။ သင်ဇာနဲ့ ယုန်လေးတို့နှစ်​ယောက်က တမူထူးခြားတဲ့ အနုပညာဖန်တီးမှုတွေကို ပရိသတ်တွေထံ ချပြလေ့ရှိတာဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်လောက်ကလည်း ရေခဲတောင်မှာ ရိုက်ကူးရေးသွားရောက်ပြုလုပ်ခဲ့ပါသေးတယ်။

ယနေ့မှာလည်း သင်ဇာနဲ့ ယုန်လေးတို့ နှစ်ယောက်က အတူတွေ့ဆုံကြတာဖြစ်ပြီး အနုပညာဖန်တီးမှုအသစ်တွေအတွက် ဆွေးနွေးနေခဲ့တာပါ။ ယုန်လေးက သူရဲ့ လူမှုကွန်ယက် ဖေ့ဘွတ်အကောင့်မှာ သင်ဇာနဲ့အတူ ပုံတင်ပေးလာရင်း ” ဒီ နှစ်ယောက် ပေါင်းပြီး ဘာတွေ လုပ်ရင် ကောင်းမလဲ လွန်ခဲ့တဲ့ ၂ နှစ်ကတော့ ရေခဲတောင်မှာ ၁လ လောက်အတူတူ ရုပ်ရှင်ကားလေးတစ်ကား အခက်ခဲတွေကြားထဲ ရိုက်ခဲ့ဖူးပါတယ် ” ဆိုပြီး ရေးသားလာတာဖြစ်ပါတယ်။ ကဲ သူတို့နှစ်ယောက်ရဲ့ အနုပညာဖန်တီးမှုတွေကို ပရိသတ်တွေသိရှိစေဖို့အတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်…။

Leave a Reply

Your email address will not be published. Required fields are marked *